မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေသက်တမ်းကို တစ်နှစ်ထပ်မံတိုးမြှင့်ပေးရန် စီစဉ်နေ
Pearl (NSS) - အောက်တိုဘာ ၂၄
မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများကို သက်တမ်းစေ့သည့်နေ့မှစ၍ ပြန်ဆပ်ရမည့်ကာလအား နောက်ထပ် တစ်နှစ် ထပ်မံတိုးမြှင့်ပေးရန် စီစဉ်နေကြောင်း နစက၏ ထုတ်ပြန်ချက်များအရသိရသည်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ၏ အစည်းအဝေးကို အောက်တိုဘာလ (၂၃)ရက်က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဒေါက်တာကံဇော်က ချေးငွေအရင်း ပြန်လည်ကောက်ခံရေး လုပ်ငန်းစဉ်များကို တိုင်းဒေသကြီး/ ပြည်နယ် စိစစ်ကြပ်မတ်ရေးအဖွဲ့များက ကြိုးပမ်းဆောင်ရွက်မှုများ နှင့် နိုင်ငံတော်၏ လှည့်ပတ်ရန်ပုံငွေကျပ် ဘီလျံ ၅၀ ပြန်လည် ပေးဆပ်ပြီးစီးမှုအခြေအနေတို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ လုပ်ငန်းများထံမှ အရင်းပြန်လည်ကောက်ခံရရှိငွေများအား အထွေထွေပိုလျှံရန်ပုံငွေသို့ အရစ်ကျ ဆက်လက်ပေးဆပ်သွားမည့်အခြေအနေအပါအဝင် ချေးငွေ သက်တမ်းသုံးနှစ်ပြည့်မြောက်ပြီးသည့် လုပ်ငန်းရှင်များက ချေးငွေပြန်လည်ပေးဆပ်မှုတို့အတွက် ဆက်လက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ထုတ်ပေးထားသည့် ချေးငွေများ ပြန်လည်ပေးဆပ်ရမည့် ကာလအား ချေးငွေသက်တမ်းစေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်တစ်နှစ် ထပ်မံတိုးမြှင့်ပေးရန် အတွက် ဒေါက်တာကံဇော်က ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံသားပိုင် ငါး၊ ပုစွန် မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍမှ ကုမ္ပဏီ၊ လုပ်ငန်း ၃၂၅ ခုကို ချေးငွေကျပ် ၇ ဒသမ ၆ ဘီလျံထုတ်ပေးထားခြင်းဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမက်စ်ခေါင်းဆောင်တစ်ဦးကို အစ္စရေးတို့ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ဟားမက်စ်အဖွဲ့ စွပ်စွဲ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း