အမျိုးသမီးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဟားမက်စ်အဖွဲ့ သတင်းထုတ်ပြန်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၄
ဟားမက်စ် လက်နက်ကိုင်အဖွဲ့က ၎င်းတို့သည် အီဂျစ်နှင့်ကာတာအစိုးရတို့၏ ကြားဝင်စေ့စပ်မှုများကို တုံ့ပြန်မှုအဖြစ် ဖမ်းဆီးထားသူများထဲမှ အမျိုးသမီးနှစ်ဦးကို အောက်တိုဘာလ ၂၃ ရက်ကထပ်မံလွှတ်ပေးခဲ့ကြောင်း သိရသည်။
ပြန်လွှတ်ပေးခဲ့သော အမျိုးသမီးနှစ်ဦးသည် သက်ကြီးရွယ်အိုများဖြစ်ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြထားသည်။ ဟားမက်စ်အဖွဲ့ပြောရေးဆိုခွင့်ရှိသူ Abu Ubaida က "အစ္စရေးတပ်ဖွဲ့ဟာ အကျဉ်းသားတွေ လဲလှယ်ရေးကိစ္စကို မသိကျိုးကျွံပြုလုပ်နေတယ်။ ဒါကြောင့် သူတို့ဟာ ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးတာကိုလည်း လက်ခံဖို့ ငြင်းဆန်ခဲ့တယ်"ဟု ပြောသည်။
ဟားမက်စ်အဖွဲ့သည် အစ္စရေးကို အောက်တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် လူပေါင်းရာချီကို ပြန်ပေးဆွဲခဲ့ကြောင်းသိရသည်။ ကာတာနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဂါဇာဒေသတွင် ပြန်ပေးဆွဲခံထားသူများ ပြန်လွတ်မြောက်စေရန်အတွက် အဖွဲ့အစည်းအားလုံးနှင့်ဆက်သွယ်ဆွေးနွေးနေကြောင်းပြောသည်။ အစ္စရေးသည် ဟားမက်စ်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်မှုအဖြစ် ဂါဇာဒေသကို ဗုံးတန်ချိန် ထောင်နှင့်ချီကြဲချပြီး တိုက်ခိုက်နေကြောင်းသိရသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးက အစ္စရေး၏ ပြီးခဲ့သော ၂၄ နာရီအတွင်း ဂါဇာဒေသအပေါ် ဗုံးကြဲတိုက် ခိုက်မှုများကြောင့် အနည်းဆုံးလူပေါင်း ၄၃၆ ဦးသေဆုံးခဲ့ကြောင်းဆိုသည်။
ထို့ပြင် အစ္စရေး စစ်တပ်က ပြီးခဲ့သော ၂၄ နာရီအတွင်း ဂါဇာဒေသရှိ ပစ်မှတ်ပေါင်း ၃၂၀ ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။ အစ္စရေးသည် ဂါဇာဒေသရှိ ဟားမက်စ်များကိုမြေပြင်ထိုးစစ်ဆင်နွှဲရန်စီစဉ်နေပြီး ဒေသအတွင်းရှိ အာရပ်နိုင်ငံများ နှင့် လက်နက်ကိုင်အဖွဲ့များက ကန့်ကွက်ဝေဖန်ခြင်းများရှိနေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ-တရုတ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ အရှိန်အဟုန်မြှင့်တင်ရန် နှစ်နိုင်ငံဆွေးနွေး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ