သက်တမ်းတိုး နိုင်ငံကူးလက်မှတ်များထုတ်ပေးမည့်အချိန် ပြောင်းလဲသွားမည်ဟု ဂျပန်နိုင်ငံရှိ မြန်မာသံရုံးထုတ်ပြန်
စော (NSS) - အောက်တိုဘာ ၂၃
လာမည့် နိုဝင်ဘာလ (၁)ရက်မှစ၍ သက်တမ်းတိုးထားသည့် နိုင်ငံကူးလက်မှတ်များ ထုတ် ပေးမည့် အချိန်ပြောင်းလဲသွားမည်ဖြစ်ကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထား သည်။
ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးမှ ယနေ့(အောက်တိုဘာလ ၂၃ ရက်)တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
တိုကျိုမြို့ရှိ မြန်မာသံရုံးသို့ ကောင်စစ်ကိစ္စရပ်များ ဆောင်ရွက်ရန်အတွက် လာရောက်ကြသည့် နိုင်ငံသားများ များပြားလာခဲ့သဖြင့် အချို့ရက်များတွင် သံရုံး၏ ကောင်စစ်အဆောက် အဦး၌ လက်ခံနိုင်သည့် လူဦးရေထက် ကျော်လွန်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသားများသည် အချိန်ပေးစောင့်ဆိုင်းရမှုများရှိကြောင်း သိရသည်။
ယခင်က နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်ထုတ်ပေးသည့်အချိန်ကို နံနက် (၁၀)နာရီမှ မွန်းလွဲ (၁၂)နာရီ အထိသတ်မှတ်ထားကြောင်း သိရသည်။
သို့သော် နိုင်ငံကူးလက်မှတ်အသစ်များ ပြန်လည်ထုတ်ပေးခြင်းကို လာမည့် (နိုဝင်ဘာလ ၁ ရက်)မှစ၍ မွန်းလွဲ (၁)နာရီခွဲမှ (၂)နာရီခွဲအတွင်း ပြောင်းလဲဝန်ဆောင်မှုပေးသွားမည်ဖြစ် ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် နိုင်ငံကူးလက်မှတ်အသစ် ပြန်လည်ထုတ်ခြင်းကိုသာ အချိန်ပြောင်းလဲဆောင်ရွက်ပေးခြင်းဖြစ်ပြီး နိုင်ငံကူးလက်မှတ် သက်တမ်းတိုးလျှောက်ထားမှုများနှင့် စုံစမ်းမေးမြန်းချင်သူများသည် လက်ရှိဆောင်ရွက်ပေးသည့် နံနက် (၁၀)နာရီမှ မွန်းလွဲ (၁၂)နာရီအထိ ဖြစ်ကြောင်း မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံးသို့ ကောင်စစ်ဆိုင်ရာ ကိစ္စရပ်များအတွက် လာရောက်သူများသည် ယခုနှစ် ဇွန်လအတွင်း (၁၅၇၅)ဦး၊ ဇူလိုင်လအတွင်း (၁၇၅၈)ဦး၊ ဩဂုတ်လအတွင်း (၂၁၈၇)ဦးနှင့် စက်တင်ဘာလအတွင်း (၂၀၄၇)ဦး ရှိခဲ့ပြီး စာတိုက်မှပေးပို့ သက်တမ်းလျှောက်ထားခြင်းများလည်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘားအံမြို့တွင် တွဲကားမှဘီးကျွတ်ပြီး ဆိုင်ကယ်အားထိမှန်ခဲ့ရာ ဆိုင်ကယ်ယာဉ်မောင်းထိခိုက်ဒဏ်ရာရရှိခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ