အင်္ဂလန်နှင့် မန်ယူအသင်းတို့၏ ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန် အသက်(၈၆)နှစ်အရွယ်တွင် ကွယ်လွန်
Pika (NSS) - အောက်တိုဘာ ၂၂
အင်္ဂလန်အသင်း နှင့် မန်ယူအသင်းတို့၏ ဂန္တဝင်ကစားသမား ဆာဘော်ဘီချာလ်တန်သည် အသက်(၈၆)နှစ်အရွယ် တွင် ကွယ်လွန်သွားပြီဖြစ်ကြောင်း ကလပ်အသင်းနှစ်ခုလုံးက အောက်တိုဘာလ(၂၁)ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ဆာဘော်ဘီချာလ်တန်သည် မန်ယူအသင်းတွင် ကစားခဲ့သည့်(၁၇)နှစ်တာ ကာလအတွင်း ပြိုင်ပွဲစုံပွဲပေါင်း (၇၅၈)ပွဲ ကစားကာ (၂၄၉)ဂိုး သွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ ဆာဘော်ဘီချာလ်တန်သည် FA ဆုဖလား နှင့် ဥရောပဖလားတစ်ခု အပါအဝင် ချန်ပီယံဆုဖလား သုံးလုံးကို မန်ယူအသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ဆာဘော်ဘီချာလ်တန်သည် အင်္ဂလန်အသင်းနှင့်အတူ ပြိုင်ပွဲစုံပွဲပေါင်း (၁ဝ၆)ပွဲ ကစားခဲ့ကာ (၄၉)ဂိုးသွင်းယူခဲ့ပြီး ၁၉၆၆ ခုနှစ်တွင် ကမ္ဘာ့ဖလားကို အင်္ဂလန်အသင်းနှင့်အတူ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။ ဆာဘော်ဘီချာလ်တန် သည် ၁၉၅ဝ ပြည့်နှစ် အစပိုင်းတွင် ဘောလုံးစတင်ကစားခဲ့ပြီး FA Youth Cup သုံးကြိမ်ရရှိခဲ့ပြီးနောက် ၁၉၅၆ ခုနှစ်တွင် ပရော်ဖက်ရှင်နယ်ကစားသမားတစ်ဦးဖြစ်လာခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဆာဘော်ဘီချာလ်တန်သည် (၁၉၅၈)ခုနှစ် လေယာဉ်ပျက်ကျမှုမှ အသက်ရှင်လွတ်မြောက်လာခဲ့သည့် ကစားသမားတစ်ဦးဖြစ်ကြောင်းလည်း သိရသည်။ ၎င်းသည် လေယာဉ်ပျက်ကျမှုတွင် ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး အသက်ရှင်လွတ်မြောက်လာခဲ့သူဖြစ်ကြောင်းလည်း သိရသည်။
မန်ယူအသင်း က "ဆာဘော်ဘီချာလ်တန်ဟာ ကျွန်တော်တို့အသင်းသမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးနဲ့ လူချစ် လူခင်အများဆုံး ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ ဆာဘော်ဘီချာလ်တန်ဟာ မန်ယူအသင်း၊ အင်္ဂလန် အသင်းတို့မှာတင် မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘောလုံးကစားတဲ့နေရာတိုင်းမှာ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပါ တယ်" ဟု ထုတ်ပြန်ထားသည်။
ဆာဘော်ဘီချာလ်တန်သည် ၁၉၈ဝ ပြည့်နှစ်တွင် ကစားသမားဘဝမှ အနားယူခဲ့ပြီးနောက် မန်ယူအသင်း၏ ဒါရိုက်တာအဖြစ် နှစ်(၄ဝ)နီးပါးကြာ တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်သည်။ ထို့အပြင် ၎င်းသည် စစ်ဘေး ဒုက္ခသည်များအတွက် အကူအညီပေးသည့် ဆာဘော်ဘီချာလ်တန်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အွန်လိုင်းကိုအသုံးပြုကာ လိမ်လည်နေသည့်ဂိုဏ်းများ၏ သွေးဆောင်ဖြားယောင်းမှုကိုခံခဲ့ရသော ထိုင်းနိုင်ငံသား (၁၂ဝ) ဦးကို နေရပ်ပြန်ပို့ရန် မြန်မာ နှင့် ထိုင်းအာဏာပိုင်များ စီစဉ်နေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း