တောင်တရုတ်ပင်လယ်ပြင်မှာ ဖိလစ်ပိုင်နဲ့ တရုတ်ကြား တင်းမာမှုတွေဖြစ်နေ
ရောင်နီ (NSS) - အောက်တိုဘာ ၂၂
အငြင်းပွား တောင်တရုတ်ပင်လယ် ရေပြင်မှာ တရုတ်သင်္ဘောတွေက ဖိလစ်ပိုင်တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့နေတဲ့သင်္ဘောတစ်စင်းကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၂ ရက်) က ပိတ်ဆို့ထားတယ်လို့ ဖိလစ်ပိုင်က ဆိုပါတယ်။
နှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ လတွေအတွင်း တောင်တရုတ်ပင်လယ်ရဲ့ ဧရိယာအများအပြား၊ အထူးသဖြင့် Spratly ကျွန်းစုရဲ့အစိတ်အပိုင်းဖြစ်တဲ့ Second Thomas Shoal နဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေပါတယ်။ ဖိလစ်ပိုင်ဟာ ဒုတိယကမ္ဘာစစ်ကာလ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှာ တပ်ဖွဲ့ဝင်အချို့ စခန်းချထားပြီး အဲဒီကို ထောက်ပံ့ရေးပစ္စည်းတွေ ပေးပို့ပေးနေခဲ့ကာ ဒီလိုမျိုး ဖိလစ်ပိုင်ရဲ့ထောက်ပံ့ရေးမစ်ရှင်တွေကို ပိတ်ဆို့ဖို့ တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က သင်္ဘောတွေကို တပ်ဖြန့်ချထားပါတယ်။ ဖိလစ်ပိုင်က ၎င်းရဲ့မစ်ရှင်အပေါ် တရုတ်သင်္ဘောရဲ့အန္တရာယ်ရှိ ပိတ်ဆို့မှုကို အပြင်းထန်ဆုံး ရှုတ်ချခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့အန္တရာယ်ရှိ၊ တာဝန်မဲ့ပြီး တရားမဝင် လုပ်ရပ်တွေဟာ ဖိလစ်ပိုင်ရဲ့အချုပ်အခြာအာဏာနဲ့ တရားစီရင်ပိုင်ခွင့်ကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ မနီလာရဲ့အနောက်ဖိလစ်ပိုင်ပင်လယ်ဆိုင်ရာအလုပ်အဖွဲ့မှ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်က ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားရဲ့သီးသန့်စီးပွားရေးဇုန်တွေမှ အစိတ်အပိုင်းတွေ အပါအဝင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို အချုပ်အခြာအာဏာပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုပါတယ်။ ဒါပေမယ့်လည်း ၂ဝ၁၆ ခုနှစ် အမြဲတမ်းခုံသမာဓိရုံးရဲ့အဆိုအရ တရုတ်နိုင်ငံရဲ့တောင်းဆိုချက်တွေဟာ ဥပဒေအခြေခံ မရှိပါဘူး။
တရုတ်ကလည်း ဖိလစ်ပိုင်ကို အဆိုပါထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်ခြင်းနဲ့ တပ်ဖြန့်ချထားခြင်း လုပ်ရပ်တွေဟာ ပိုင်နက်အချုပ်အခြာအာဏာကို ချိုးဖောက်ခြင်းဖြစ်တယ်လို့ ဆိုကာ နောက်ထပ်မလုပ်ဖို့ သတိပေးထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှုများကို လျှော့ချရန် အမေရိကန်အစိုးရ အဆိုပြု
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ