အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-22 / 3:00 PM)
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂၂
ပါလက်စတိုင်းပြည်သူတွေက ၎င်းတို့ကို ဂါဇာဒေသမြောက်ပိုင်းက တောင်ပိုင်းကိုပြောင်းရွှေ့ဖို့ အစ္စရေးစစ်တပ်ရဲ့သတိပေးချက်များကို ထပ်မံရရှိခဲ့ကြောင်း ပြောပါတယ်။
အစ္စရေးစစ်တပ်က ဂါဇာဒေသမြောက်ပိုင်းမှာ နေထိုင်သူများအနေနဲ့ တောင်ပိုင်းကို နေရပ်စွန့်ခွာမှုမရှိဘူးဆိုရင် ဟားမက်စ်အဖွဲ့နဲ့ အတူတူပဲသတ်မှတ်သွားမယ်လို့ သတိပေးချက်တွေလည်း ရှိနေကြောင်း သိရပါတယ်။
အီရတ်နိုင်ငံ အနောက်ပိုင်းရှိ အမေရိကန်တပ်ဖွဲ့ဝင်များ နဲ့ နိုင်ငံတကာတပ်ဖွဲ့ဝင်များတပ်စွဲထားတဲ့ Ain al-Asad လေတပ်အခြေစိုက်စခန်းကို အောက်တိုဘာ ၂၂ ရက် နံနက်ပိုင်းက ရော့ကတ်ဒုံးကျည်တွေ ပစ်ခတ်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ပေါက်ကွဲသံတွေကို လေတပ်စစ်အခြေစိုက်စခန်းအတွင်းမှာ ကြားသိရကြောင်း၊ လေတပ်အတွင်းရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်တွေက ရော့ကက်ဒုံးကျည်တွေကို ပစ်ချသံတွေကိုလည်း ကြားရကြောင်း ဒေသခံတွေက ပြောပါတယ်။ ဟားမက်စ် နဲ့ အစ္စရေးတို့ကြား စစ်ပွဲစတင်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ အီရတ်ရှိ အမေရိကန် စစ်အခြေစိုက်စခန်းတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။
ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ အောက်တိုဘာ ၂၁ ရက်က ကျင်းပခဲ့တဲ့ ပါလက်စတိုင်းလိုလားတဲ့ဆန္ဒပြထောက်ခံပွဲကို လူပေါင်း ၁ သိန်းကျော် ပါဝင်တက်ရောက်ခဲ့ပြီး ပါလက်စတိုင်းလွတ်မြောက်ရေး ကြွေးကြော်သံတွေကို အော်ဟစ်ကြွေးကြော် ဆန္ဒပြခဲ့ပါတယ်။ ဂါဇာဒေသမှာပြုလုပ်တဲ့ အစ္စရေးတပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကိုလည်း ချက်ချင်းအဆုံးသတ်ဖို့ အဆိုပါဆန္ဒပြအုပ်စုတွေက တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အောက်တိုဘာ ၂ဝ ရက် ညပိုင်းက ကျင်းပခဲ့တဲ့ ပါလက်စတိုင်း အားပေးထောက်ခံတဲ့ဆန္ဒပြပွဲအတွင်း လူပေါင်း အနည်းဆုံး ၁၅ဝ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကြောင်း သိရပါတယ်။ ဆန္ဒပြသူတွေဟာ ဟားမက်စ်နဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့စစ်ပွဲအမြန်ဆုံးအဆုံးသတ်ဖို့တောင်းဆိုဆန္ဒပြခဲ့ ကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်က ၎င်းတို့ဟာ အောက်တိုဘာ ၂၁ ရက် ညပိုင်းက ဂါဇာဒေသကို ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ချိန်အတွင်း ဟားမက်စ်ရဲ့ရော့ကတ်ဒုံးကျည်တပ်ဖွဲ့လက်ထောက်အကြီးအကဲကို သုတ်သတ်နိုင်ခဲ့သလို ဟားမက်စ်အဖွဲ့ဝင် ဒါဇင်ချီသေဆုံးခဲ့ရကြောင်း အောက်တိုဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားနိုင်ငံ၌ အရက်အလွန်အကျွံသောက်ပြီး ကြမ်းပြင်ပေါ်တွင် အိပ်ခဲ့သည့် မြန်မာအမျိုးသားတစ်ဦး သေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ