စစ်ကိုင်းမြို့နယ်ရှိ ငါးထပ်ကြီး-ညောင်ကုန်းလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာမတစ်ဦး ထိခိုက်ဒဏ်ရာရ
NSS - အောက်တိုဘာ ၂၂
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ ငါးထပ်ကြီး-ညောင်ကုန်းလမ်းဘေးတွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် ကျောင်းဆရာမတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၉ ရက်၊ နံနက် ၉ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ငါးထပ်ကြီး-ညောင်ကုန်းသွားလမ်း၊ ညောင်ကုန်းကျေးရွာအနီးတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ညောင်ကုန်းကျေးရွာအခြေခံအထက်တန်းကျောင်းခွဲမှ လက်ထောက်မူလတန်းပြ ဆရာမ ဖြစ်သူ ဒေါ်မူးပိုးစံသည် ၎င်း၏နေအိမ်မှ ကျောင်းသို့ဆိုင်ကယ်ဖြင့်တစ်ဦးတည်းထွက်ခွါလာစဉ် အထက်ပါနေရာအရောက်၌ PDF အဖွဲ့က ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲသွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် စစ်ကိုင်းမြို့၊ ထားဝယ်ဈေးရပ်ကွက်တွင်နေထိုင်သည့် ဒေါ်မူးပိုးစံ(၃၀)နှစ်တွင် ယာဘက်လက်ကောက်ဝတ် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာလက်သန်းပွန်းပဲ့ဒဏ်ရာတစ်ချက်တို့ရရှိခဲ့သဖြင့် စစ်ကိုင်းမြို့နယ်ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ထားရကြောင်း သိရသည်။
အလားတူ နံနက် ၉ နာရီခွဲအချိန်တွင် ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာ၏ အနောက်ဘက်တစ်မိုင်ခန့်အကွာရှိ လင်တန်တောင်ကြောဝန်းကျင်တွင် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဦး မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် မဒါလ်းလော့နွမ်းသည် အထက်ပါနေရာ၌ ထင်းခွေနေစဉ် PDF အဖွဲ့ကထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် မဒါလ်းလော့နွမ်း(၂၂)နှစ်တွင် ဝဲခြေထောက်ပေါက်ပြဲဒဏ်ရာ တစ်ချက်ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
အထက်ပါ မိုင်းထောင်ဖောက်ခွဲမှုများတွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-22 / 3:00 PM)
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း