နီပေါနိုင်ငံမှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
ရောင်နီ (NSS) - အောက်တိုဘာ ၂၂
နီပေါနိုင်ငံမှာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၁ ရက်) က ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့တယ်လို့ နီပေါအမျိုးသားငလျင်ဗဟိုဌာနမှ ဖော်ပြချက်အရ သိရပါတယ်။
ခတ္တမန္ဒူမြို့ အနာက်ဘက် ၅၅ ကီလိုမီတာ (၃၅ မိုင်) အကွာ ဒါဒင် ခရိုင်ကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ "တုန်ခါမှု အရမ်းပြင်းထန်တယ်။ ဒေသခံတချို့ နေအိမ်တွေကနေ အမြန်ထွက်ခဲ့ကြရပါတယ်။ အခုထိ တော့ ထိခိုက်ဒဏ်ရာရတဲ့သတင်း မကြားရသေးဘူး" လို့ ဒါဒင်ခရိုင်ရဲ့အကြီးတန်း ဗျူရိုကရက်အရာရှိ ဘက်ဒ်ရီနက် ဂါရီ က ပြောကြားပါတယ်။ အဆိုပါငလျင်ဟာ အနက် ၁၃ ကီလိုမီတာ (၈.၁ မိုင်) မှာ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ ဥရောပ မြေထဲပင်လယ်ငလျင်ဆိုင်ရာစင်တာက ဖော်ပြခဲ့ပါတယ်။
တိဗက်ကုန်းမြေပြင်နဲ့ အိန္ဒိယမြေပြင်ဟာ ရာစုနှစ်တိုင်း တစ်ခုနဲ့တစ်ခု ပိုမိုနီးကပ်လာလေ့ရှိပြီး အဲဒီလို နီးကပ် ရွေ့လျားလာတိုင်း နီပေါမှာ ငလျင်လှုပ်ခပ်လေ့ရှိပါတယ်။ အောက်တိုဘာ ၁၆ ရက်ကလည်း နီပေါနိုင်ငံ ဆူဒါပက်ချန် ပြည်နယ်မှာ ရစ်ခ်ျတာစကေး ၄.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ပါတယ်။ ၂ဝ၁၅ ခုနှစ်က ပြင်းအား ၇ အဆင့်ရှိ ငလျင်နဲ့ နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှုတွေကြောင့် လူပေါင်း ၉ဝဝဝ ခန့် သေဆုံးခဲ့ရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပေါက်ခေါင်းမြို့နယ်၌ အမျိုးသားတစ်ဦးကို PDF အဖွဲ့က နေအိမ်အတွင်းဝင်ရောက်ကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ