လူဦးရေအပေါ်မူတည်၍ တစ်နေ့တာ လိုအပ်နိုင်မည့် သား၊ ငါး၊ ဥအမျိုးမျိုးကို စနစ်တကျတွက်ချက်ကာ မွေးမြူရေးဇုန်များတိုးချဲ့ရန် နစကဥက္ကဋ္ဌတိုက်တွန်း
မျိုးကြီး (NSS) - အောက်တိုဘာ ၂၂
နိုင်ငံ၏ လူဦးရေအပေါ်မူတည်၍ တစ်နေ့တာ လိုအပ်နိုင်မည့် သား၊ ငါး၊ ဥအမျိုးမျိုးကို စနစ်တကျတွက်ချက်ကာ မွေးမြူရေးဇုန်များ တိုးချဲ့ရန် နစကဥက္ကဋ္ဌက တိုက်တွန်းထားသည်။
နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယမန်နေ့ (အောက်တိုဘာလ ၂၁ ရက်)တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ အေးသာယာစက်မှုဇုန်အတွင်းရှိ ရှမ်းရိုးမမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစဉ် အထက်ပါကဲ့သို့ တိုက်တွန်းပြောကြားခဲ့ခြင်းဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့် နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခြေအနေများကြောင့် အခက်အခဲဖြစ်ပေါ်ခဲ့ချိန်တွင် ရှမ်းရိုးမမွေးမြူရေးဇုန်မှ ကြက်ဥများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြန့်ဖြူးပေးနိုင်ခဲ့သည့်အတွက် အထောက်အကူဖြစ်စေခဲ့သည်ဟု ဗိုလ်ချုပ်မှူးကြီးက ပြောသည်။
မွေးမြူရေးဇုန်တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးအတွက်လည်း လိုအပ်သည့်ကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း နစကဥက္ကဋ္ဌက ပြောသည်။
ထို့ပြင် ၎င်းက နိုင်ငံ၏လူဦးရေအပေါ်မူတည်၍ တစ်နေ့လျှင် လိုအပ်နိုင်မည့် အသား၊ ငါး၊ ဥအမျိုးမျိုးတို့ကို စနစ်တကျသုံးသပ်တွက်ချက်ကာ မွေးမြူရေးဇုန်များ တိုးချဲ့နိုင်ရေးနှင့် တိုးချဲ့မွေးမြူနိုင်ရေးကိုလည်း ဆောင်ရွက်ကြရန် အကြံပြုတိုက်တွန်းခဲ့သည်။
ရှမ်းပြည်နယ်(တောင်ပိုင်း)အနေဖြင့် အစာစပ်စက်ရုံဆောင်ရွက်ပြီး မွေးမြူရေးအစာ လိုအပ် ချက်ကို ဖြည့်ဆည်ပေးနိုင်မည့် အခြေအနေများလည်းရှိကြောင်း သိရသည်။
အေးသာယာစက်မှုဇုန်သည် တစ်နိုင်ငံလုံးသို့ ကြက်ဥများ အဓိကဖြန့်ဖြူးပေးသည့် မွေးမြူ ရေးဇုန်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နီပေါနိုင်ငံမှာ ပြင်းအား ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ