ရန်ကုန်ပြည်သူ့ရင်ပြင်၌ကျင်းပမည့် သီတင်းကျွတ်ဈေးရောင်းပွဲတော်တွင် ဆိုင်ခန်းပေါင်း (၅၀၀) ပါဝင်ပြသရောင်းချသွားမည်
စော(NSS) - အောက်တိုဘာ ၂၂
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ပြည်သူ့ရင်ပြင်တွင်ကျင်းပမည့် သီးတင်ကျွတ်ဈေးရောင်းပွဲတော်၌ ဆိုင်ခန်းပေါင်း(၅၀၀) ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပွဲဖြစ်မြောက်ရေး ဦးစီးကော်မတီမှ ယနေ့(အောက်တိုဘာလ ၂၂ ရက်)တွင် အထက်ပါကဲ့သို့ ကြေညာထားခြင်းဖြစ်သည်။
ပြည်သူ့ရင်ပြင်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်ကို လာမည့် အောက်တိုဘာလ (၂၇)ရက် မှ (၃၀)ရက်အထိ နံနက်(၈)နာရီမှ (၁၀)နာရီအထိ ကျင်းပမည်ဖြစ်ပြီး စက်မှုထုတ်ကုန်နှင့်ရေထွက်ကုန်ပစ္စည်းများကို အရောင်းဆိုင်ခန်းပေါင်း (၅၀၀)ခန့်ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းဆိုင်ခန်းများ၌ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်(၂၉)ဇုန်မှထုတ်လုပ်သည့် ပစ္စည်းများ၊ MSME လုပ်ငန်းများ၊ အသေးစားစက်မှုလုပ်ငန်းများ၊ သမဝါယမဝန်ကြီးဌာနမှ ထုတ်ကုန်များကို ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် တိုင်းနှင့်ပြည်နယ်များမှ ထွက်ကုန်ပစ္စည်းများ၊ စက်မှုထုတ်ကုန်နှင့် ရေထွက်ကုန် ပစ္စည်းများကိုလည်း ပြသရောင်းချသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် ဆန်၊ ဆီ၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက် အခြေခံစားကုန်များကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချသွားမည်ဖြစ်ပြီး ၎င်းပွဲတော်ကို လာရောက်သူများအား သွားလာရေးလွယ်ကူစေရန်အတွက် အကြို/အပို့ကားများကိုလည်း စီစဉ်ထားကြောင်း သိရသည်။
အလားတူ ပွဲတော်ရက်အတွင်း E-sport ဂိမ်းပြိုင်ပွဲများ၊ စတုဒီသာ ကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တို့တွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများ၊ ဆက်ကပ်၊ မျက်လှည့်၊ DJ Dancer များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် သီတင်းကျွတ်လပြည့်နေ့နှင့် အဖိတ်နေ့များတွင်လည်း မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သောကြောင့် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပေ(၅၀)ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ