ပတ်စ်ပို့သက်တမ်းတိုးရန် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တွင် မြို့နယ်လေးခု နှင့် မန္တလေးတွင် မြို့နယ်နှစ်ခုတို့၌ လျှောက်ထားနိုင်
NSS - အောက်တိုဘာ ၂၁
ပြည်ပသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများ (PJ) နှင့် မြန်မာသင်္ဘော သား (PS) ပတ်စ်ပို့များသက်တမ်းတိုးရန် လိုအပ်သော အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို ရန်ကုန်တွင် မြို့နယ်လေးခုနှင့် မန္တလေးတွင် မြို့နယ်နှစ်ခုတို့၌ ထုတ်ယူနိုင်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။
ထို့ပြင် ကျန်ပြည်နယ်၊ တိုင်းဒေသကြီး နှင့် ပြည်ထောင်စုနယ်မြေတို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတည်ရှိရာမြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးများတွင် ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပုံစံများကို အောက်တိုဘာလတွင် စတင်ထုတ်ပေးရန် စီစဉ်ထားကြောင်း သိရသည်။
“ဝင်ငွေခွန်တွက်ချက်ပေးပြီးတဲ့ အချက်တွေနဲ့အညီ အခွန်မှာအကျုံးဝင်ရင် အခွန်ဆောင်ရမယ်။ အခွန်ကင်းရှင်ကြောင်းလက်မှတ်မှာလည်း လုံခြုံမှုအဆင့်အတန်းပါရှိတယ်။ QR ကုဒ်လိုမျိုးနည်းပညာနဲ့ စနစ်တကျထုတ်ပေးသွားမှာပါ”ဟု ပြည်တွင်းအခွန်များဦးစီးဌာနမှ အရာရှိတစ်ဦးက NSS ကိုပြောသည်။
ရန်ကုန်မြို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို ရန်ကင်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ အင်းစိန်မြို့နယ် နှင့် ဒေါပုံမြို့နယ်တို့ရှိ အခွန်ဦးစီးဌာနရုံးများတွင်လျှောက်ထားထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
မန္တလေးမြို့တွင် အခွန်ကင်းရှင်းကြောင်းထောက်ခံချက်ပုံစံကို မဟာအောင်မြေ နှင့် ချမ်းမြသာစည်မြို့နယ်ရှိ အခွန်ဦးစီးဌာနရုံးများတွင်လျှောက်ထားထုတ်ယူရမည်ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မလေးရှားမှာ စီးပွားဖြစ်ဖွင့်လှစ်ထားတဲ့ အလွန်ကျဉ်းမြောင်းလွန်းတဲ့ လူနေအခန်းတွေကို အစိုးရက ဖြိုခွင်း
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ