မလေးရှားမှာ စီးပွားဖြစ်ဖွင့်လှစ်ထားတဲ့ အလွန်ကျဉ်းမြောင်းလွန်းတဲ့ လူနေအခန်းတွေကို အစိုးရက ဖြိုခွင်း
ရောင်နီ (NSS) - အောက်တိုဘာ ၂၁
မလေးရှား ဒေသန္တရအစိုးရဟာ "ငှက်သိုက်" နဲ့ ဆင်တူတဲ့ အလွန်ကျဉ်းမြောင်းလွန်းတဲ့ အခန်းငယ်တွေကို စီးပွားဖြစ် ငှားရမ်းလုပ်ခြင်းတွေအပေါ် နှိမ်နင်းသွားမယ်လို့ နိုင်ငံပိုင် သတင်းအေဂျင်စီ Bernama က ကြာသပတေးနေ့ (အောက်တိုဘာလ ၁၉ ရက်)မှာ ဖော်ပြခဲ့ပါတယ်။
အဆိုပါ အဆောက်အဦးပိုင်ရှင်တွေကိုလည်း မီးဘေးအန္တရာယ်ကာကွယ်ရေးအတွက် လမ်းညွှန်သတ်မှတ်ချက်တွေ လိုက်နာဖို့နဲ့ လိုက်နာဖို့ ပျက်ကွက်ရင် တရားစွဲဆိုမှုအတွက် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ကြောင်း မလေးရှားမီးသတ်၊ ကယ်ဆယ်ရေးဌာနနဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက သတိပေးထားပါတယ်။ မလေးရှားနိုင်ငံ၊ Taman Maluri ခရိုင်ရှိ ဆိုင်ခန်းတစ်ခန်းမှာ ငှားရမ်းထားတဲ့ အဆိုပါ ငှက်သိုက်အခန်းတွေဟာ ရဲအရာရှိတွေအတွက်တောင် အံ့အားသင့်စေခဲ့ပါတယ်။ မြေညီထပ်မှာ ဆိုင်တစ်ဆိုင်ပါရှိတဲ့ လေးထပ်အဆောက်အအုံမှာ အပေါ်ထပ်သုံးထပ်ကို ငှက်သိုက်ပုံစံ အခန်း ၇၈ ခန်းနဲ့ ပိုင်းခြားထားပါတယ်။
ပထမထပ်တစ်ခုတည်းမှာ ငှက်သိုက်အခန်း အခန်း ၃၈ ခန်းရှိပြီး ဒုတိယထပ်မှာ အခန်း ၂၃ ခန်းနဲ့ တတိယထပ်မှာ ၁၇ ခန်းရှိပါတယ်။ အိမ်ငှားတွေဟာ ပထမထပ်မှာ အပေါ်ထပ်ကို တက်ဖို့ လှေကားတွေ အသုံးပြုရပါတယ်။ အခန်းတွေက ကျဉ်းလွန်းလို့ တစ်ကိုယ်အိပ်စာ နေရာပဲရှိပါတယ်။ အခန်းတိုင်းမှာ မွေ့ယာ၊ ခေါင်းအုံး၊ မီးသီးတစ်လုံးနဲ့ ပါဝါပွိုင့်တို့ ထားရှိပြီး ပရိဘောဂတွေကတော့ မရှိသလောက်ပါပဲ။
အခန်းတိုင်းရဲ့ တံခါးတွေမှာ သော့ကိုယ်စီလည်း ရှိပါတယ်။ အခန်းငှားသူတွေဟာ အိမ်သာနဲ့ ရေချိုးခန်းကို မျှဝေသုံးစွဲခဲ့ရပြီး လူများတာကြောင့် မနှစ်မြို့စရာ အနံ့ဆိုးတွေလည်း ရှိနေပါတယ်။ အိမ်ငှားတစ်ဦးစီဟာ အဆိုပါ အခန်းတစ်ခန်းအတွက် တစ်လကို ရင်းဂစ် ၃၀၀ (စင်ကာပူဒေါ်လာ ၈၆ ဒေါ်လာ)ခန့် ပေးဆောင်ရပါတယ်။
အဆိုပါ အဆောက်အဦးတွေကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ထုတ်ပြန်ခဲ့တဲ့ သတိပေးချက်ကို လိုက်နာမှုပျက်ကွက်ခြင်းကြောင့် တာဝန်ရှိသူတွေက သွားရောက်စီးနင်းမှု ရှာဖွေရာမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၂၁ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ