အမေရိကန်အစိုးရက ယူကရိန်း၊ အစ္စရေးတို့နှင့်ပတ်သက်သည့် အစီအစဉ်များအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁၀၆)ဘီလျံပေးရန် လွှတ်တော်ကိုတောင်းဆို
Pika (NSS) - အောက်တိုဘာ ၂၁
အမေရိကန်အစိုးရသည် ယူကရိန်း၊ အစ္စရေးနှင့် နယ်စပ်လုံခြုံရေးတို့ကဲ့သို့သော အစီအစဉ်များအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁၀၆)ဘီလျံပေးရန် လွှတ်တော်ထံတောင်းဆိုခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် အစ္စရေးသို့သွားရောက်လည်ပတ်ကာ စည်းလုံးညီညွတ် ရေးကို ကတိပြုခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ရန်ပုံငွေတောင်းခံမှုထွက်ပေါ် လာခြင်းဖြစ်သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်သည် ယူကရိန်း၊ အစ္စရေးတို့ကို ရန်ပုံငွေထောက်ပံ့ရန်၊ နယ်စပ်လုံခြုံရေး၊ ဒုက္ခသည် အကူအညီပေးရေး၊ တရုတ်နှင့်အခြားဦးစားပေးကိစ္စရပ်များကို တုံ့ပြန်ရန်အစီအစဉ်များနှင့်ပတ်သက်ပြီး ရှုပ်ထွေးနေသော အောက်လွှတ် တော်တွင် ထောက်ခံမှုရရှိနိုင်သည့် အမျိုးသားလုံခြုံရေးအသုံးစရိတ်ဥပဒေကြမ်းကို ဖန်တီးပေးနိုင်မည်ဟု မျှော်လင့်နေကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ်တွင် ရီပတ်ဘလစ်ကန်ပါတီဝင်များ ကြီးစိုးခွင့်ရခဲ့သော အောက်လွှတ်တော်သည် ခေါင်းဆောင်မရှိသည်မှာ သီတင်းပတ်နှစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်းလည်း သိရသည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်၏ ဘတ်ဂျက်ဒါရိုက်တာ Shalanda Young သည် အောက်လွှတ်တော်ယာယီဥက္ကဋ္ဌ Patrick McHenry ထံ စာတစ်စောင်ပေးပို့ခဲ့ကြောင်းလည်းသိရသည်။ အဆိုပါစာထဲတွင် "ကမ္ဘာကြီးက ကျွန်တော်တို့ကိုစောင့်ကြည့်နေပါတယ်။ အမေရိကန်နိုင်ငံသားတွေဟာ သူတို့ရဲ့ခေါင်းဆောင်တွေက စည်းလုံးညီညွတ်ပြီး ဒီဦးစားပေးကိစ္စကို အကောင်အထည်ဖော်ဖို့ မျှော်လင့်နေကြပါတယ်"ဟု ရေးသားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပတ်စ်ပို့သက်တမ်းတိုးရန် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ကို ရန်ကုန်တွင် မြို့နယ်လေးခု နှင့် မန္တလေးတွင် မြို့နယ်နှစ်ခုတို့၌ လျှောက်ထားနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ