မန်စီးတီး နည်းပြအသစ်ဖြစ်လာနိုင်မည့်သူကို ခန့်မှန်းပြောဆိုလိုက်သော နည်းပြဂွါဒီယိုလာ
Pika (NSS) - အောက်တိုဘာ ၂၁
ဘရိုက်တန်အသင်းနည်းပြ ရောဘတ်တိုဒီဇာဘီသည် မန်စီးတီးအသင်း၏ လာမည့်နည်းပြသစ်ဖြစ်လာနိုင်သည်ဟု ယုံကြည်ကြောင်း မန်စီးတီးနည်းပြဂွါဒီယိုလာက ထုတ်ဖော်ပြောဆိုခဲ့သည်။
ပြီးခဲ့သည့် ပရီးမီးယားလိဂ်ရာသီတွင် မန်စီးတီးအသင်းနှင့်ဘရိုက်တန်အသင်းတို့ကစားခဲ့သည့်ပွဲတွင် (၁)ဂိုးစီသရေကျအောင် ကစားနိုင်ခဲ့သော ဘရိုက်တန်အသင်း၏ခြေစွမ်းနှင့် နည်းပြရောဘတ်တိုဒီဇာဘီကို ဂွါဒီယိုလာက ချီးကျူးစကားပြောဆိုခဲ့ကြောင်းလည်းသိရသည်။
ဂွါဒီယိုလာသည် အဆိုပါပွဲစဉ်တွင် အသုံးပြုခဲ့သော ဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီ၏ နည်းဗျူဟာများကို သဘောကျခဲ့ပြီး ၎င်းသည်မန်စီးတီးအသင်း၏ လာမည့်နည်းပြသစ်ဖြစ်သင့်ကြောင်း ပြောဆိုခဲ့သည်။ မန်စီးတီးနည်းပြဂွါဒီယိုလာသည် ဘရိုက်တန်အသင်း၏ ကစားပုံ အထူးသဖြင့် နောက်တန်းကစားပုံကို သဘောကျသူဖြစ်ကြောင်းလည်းသိရသည်။ ဂွါဒီယိုလာနှင့် မန်စီးတီးအသင်းတို့၏ စာချုပ်သက်တမ်းသည် ယခုရာသီကုန်အထိဖြစ်ကြောင်းလည်း သိရသည်။ ထို့ပြင် အသက်(၅၂)နှစ်အရွယ် ဂွါဒီယိုလာသည် မန်စီးတီးအသင်းနှင့် စာချုပ်သက်တမ်းတိုးခြင်းမျိုးမရှိခဲ့ပါက ဘရိုက်တန်နည်းပြရောဘတ်တိုဒီဇာဘီသည် မန်စီးတီးနည်းပြအဖြစ် တာဝန်ယူခြင်းရှိ/မရှိဆိုသည့်အချက်ကို ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ်သည်။
သို့သော်လည်း အောက်တိုဘာလ(၂၁)ရက်ညတွင် မန်စီးတီးအသင်းနှင့် ဘရိုက်တန်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်ကို တွေ့မြင်ရမည်ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တောင်ကိုရီးယားရှိ အမေရိကန်၏နျူကလီးယားဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယား၏စစ်ရေး ပစ်မှတ်ဖြစ်လာဖွယ်ရှိနေ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း