တောင်ကိုရီးယားရှိ အမေရိကန်၏နျူကလီးယားဗုံးကြဲလေယာဉ်များ မြောက်ကိုရီးယား၏စစ်ရေး ပစ်မှတ်ဖြစ်လာဖွယ်ရှိနေ
Pika (NSS) - အောက်တိုဘာ ၂၁
မကြာသေးမီက တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်၏ နျူကလီးယားဗုံးကြဲ လေယာဉ်များဖြန့်ကျက်ချထားမှုကို မြောက်ကိုရီးယားအစိုးရက ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။
ထို့ပြင် ကိုရီးယားကျွန်းဆွယ်တွင် ပဋိပက္ခဖြစ်ပွားလာမည်ဆိုပါက အဆိုပါဗုံးကြဲလေယာဉ်သည် မြောက်ကိုရီးယား၏ ဖျက်ဆီးရေးပစ်မှတ်တစ်ခုဖြစ်လာမည်ဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရက သတိပေးပြောဆိုခဲ့သည်။ မြောက်ကိုရီးအစိုးရသည် ယခုသီတင်းပတ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံမှာ အမေရိကန်၏ B-52 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဖြန့်ကျက်ချထားမှုကို ပြစ်တင်ရှုတ်ချခဲ့ပြီး အမေရိကန်၏ စစ်ရေးရန်စမှုများမှာ ပိုမိုအန္တရာယ်များသော အဆင့်သို့ ရောက်ရှိသွားပြီဟု ပြောဆိုခဲ့ကြောင်း KCNA ကဖော်ပြခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် "ဒါဟာ နျူကလီးယားစစ်ပွဲကို စတင်ဖို့ လုပ်ဆောင်နေတဲ့ အမေရိကန်ရဲ့ ရည်ရွယ်ချက်ရှိတဲ့ စစ်ရေးလုပ်ဆောင်မှုတစ်ခုပါပဲ။ အကယ်၍ ပဋိပက္ခဖြစ်ပွားလာခဲ့မယ်ဆိုရင် ရန်သူ့နယ်မြေထဲမှာရှိတဲ့ ဒီလိုမဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်ဟာ ပထမဆုံးဖျက်ဆီးပစ်မယ့် ပစ်မှတ်တစ်ခုဖြစ်လာပါလိမ့်မယ်"ဟု ဖော်ပြထားသည်။
အမေရိကန်စစ်တပ်သည် ကိုရီးယားကျွန်းဆွယ်ရှိ မဟာဗျူဟာမြောက် စစ်ရေးပိုင်ဆိုင်မှုများအားလုံးကို ပိုမိုအဆင့်မြှင့်တင်ပေးသွားမည်ဖြစ်ပြီး အဆိုပါလှုပ်ရှား မှုသည် မြောက်ကိုရီးယားအပေါ် ဟန့်တားမှုများကို ပိုမိုလုပ်ဆောင်လာနိုင်မည်ဟု မျှော်လင့်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ယခုနှစ်အစောပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်သည် ၁၉၈၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယားသို့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကို စေလွှတ်ခဲ့ပြီး အဆိုပါလုပ်ရပ်ကို မြောက်ကိုရီးယားအစိုးရက ပြင်းပြင်းထန်ထန်ပြစ်တင်ရှုတ်ချခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မောင်တောမြို့တွင် ငွေကျပ်သိန်း(၅၀၀)ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ