အသိမဲ့ဒေါသချောက်ထဲသို့ ထိုးမဆင်းသွားဖို့ အစ္စရေးအစိုးရအဖွဲ့ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒန် တိုက်တွန်း တောင်းဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂ဝ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးနိုင်ငံကို ဟားမက်စ်အဖွဲ့များနဲ့ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေမှာ အသိမဲ့ဒေါသချောက်ထဲ မကျစေလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက အစ္စရေးနိုင်ငံကိုသွားရောက်ကာ ဝန်ကြီးချုပ်နေတန်ရာဟု အပါအဝင် အစ္စရေးအစိုးရတာဝန်ရှိသူများနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်ရက်အကြာ အမေရိကန်နိုင်ငံမှာ မိန့်ခွန်းပြောဆိုချိန်အတွင်း အခုလိုမျိုးပြောခဲ့တာပါ။
အမေရိကန်သမ္မတက "ကျွန်တော်ဟာ အစ္စရေးနိုင်ငံကို ပြီးခဲ့တဲ့ရက်ပိုင်းက ရောက်ရှိခဲ့တယ်။ အစ္စရေးနိုင်ငံဟာ အမေရိကန်နိုင်ငံ တွေ့ကြုံခဲ့ရဖူးတဲ့ ၉/၁၁ ပုံစံလိုမျိုး တွေ့ကြုံခဲ့ရတယ်။ အမေရိကန်ဟာ ၉/၁၁ အဖြစ်အပျက် ကြံရချိန်တုန်းက မှန်ကန်မျှတမှုရအောင် လုပ်ဆောင်ရာမှာ အမှားအယွင်းတွေ လုပ်မိခဲ့တယ်။ ဒါကြောင့် အစ္စရေးအစိုးရဟာ ဟားမက်စ်အဖွဲ့ကို ချေမှုန်းဖို့ ကြိုးပမ်းရာမှာ အသိမဲ့ဒေါသချောက်ထဲကို ထိုးမဆင်းသွားဖို့ သတိထားရမယ်" လို့ ပြောပါတယ်။
၎င်းက "ကျွန်တော်ဟာ အစ္စရေးဝန်ကြီးချုပ်နဲ့ ဆွေးနွေးခဲ့တယ်။ အဲဒီအချိန်မှာ စစ်ပွဲဥပဒေတွေကို လေးစားလိုက်နာ ဖို့ ပြောဆိုခဲ့တယ်။ တိုက်ပွဲတွေအတွင်း အရပ်သားတွေကို ကာကွယ်ပေးဖို့ လုပ်ဆောင်ရမယ်။ ဂါဇာဒေသမှာ ရှိတဲ့ ပါလက်စတိုင်းတွေဟာ အစားစာ၊ ရေနဲ့ ဆေးဝါး အပါအဝင် လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ရသင့်တယ်" လို့ ပြောပါတယ်။
ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့များရဲ့တိုက်ခိုက်မှုတွေဟာ လူမျိုးသုန်းသတ်ဖြတ်မှုတွေကို ဦးတည်နေကြောင်း ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့လူအခွင့်အရေးအထူးကိုယ်စားလှစ်တစ်ဦးက အစ္စရေးဟာ ဂါဇာဒေသက ဆေးရုံတွေ၊ ဒုက္ခသည်စခန်းတွေကို ပစ်မှတ်ထားပြီး ဗုံးကြဲနေတာတွေရှိနေကြောင်း၊ အစ္စရေးရဲ့လုပ်တွေက ပါလက်စတိုင်းလူမျိုးတစ်ခုလုံး ဖျက်ဆီးပစ်ဖို့ ရည်ရွယ်ထားတဲ့သက်သေမျိုးဖြစ်နေကြောင်း ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဝိုင်းမော်-ချီဖွေလမ်းတွင် ဆောက်လုပ်ရေးလုပ်သားများလိုက်ပါလာသော ကားတစ်စီး တိမ်းမှောက်ခဲ့ရာမှု (၇)ဦး ပွဲချင်းပြီး သေဆုံး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ