အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲက ပါလက်စတိုင်းများ၏ အခွင့်အရေးကို အာမခံပေးမှုနည်းပါးသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တရုတ်အထူးကိုယ်စားလှယ် ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂ဝ
အစ္စရေးနှင့် ပါလက်စတိုင်းကြားဖြစ်ပွားနေသည့် စစ်ပွဲတွင် ပါလက်စတိုင်းများ၏အခွင့်ရေးများအတွက် အာမခံ ပေးချက်မရှိသလောက်နည်းပါးနေကြောင်း အရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်က ပြောသည်။
တရုတ်အထူးကိုယ်စားလှယ်ဖြစ်သူ Zhai Jun သည် ကာတာနိုင်ငံတွင် ရုရှားအထူးကိုယ်စားလှယ်နှင့် တွေ့ဆုံ ဆွေးနွေးချိန်အတွင်း ယင်းကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရုရှားအထူးကိုယ်စားလှယ် Mikhail Bogdanov နှင့် တရုတ်အထူးကိုယ်စားလှယ်တို့သည် ဂါဇာဒေသ တင်းမာမှုများကို ကူညီပေးနိုင်ရန်အတွက် အဓိကထားဆွေးနွးခဲ့ပြီး တူညီသောအမြင်များ ရှိနေကြောင်း သိရသည်။
အာရှအရှေ့အလယ်ပိုင်းဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ်က "ပါလက်စတိုင်းနဲ့ အစ္စရေးကြားဖြစ်ပွားနေတဲ့ စစ်ပွဲရဲ့ အဓိကအခြေခံအကြောင်းအရင်းက ပါလက်စတိုင်းပြည်သူတွေအတွက် အခွင့်အရေးကို အသိအမှတ်ပြု အာမခံပေးမှုမရှိတာကြောင့်ဖြစ်လာခဲ့တာပါ" ဟု ပြောသည်။
ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်သည် အောက်တိုဘာ ၇ ရက်တွင် အစ္စရေးကို ကြိုတင် သတိပေးချက်မရှိဘဲ စတင်တိုက်ခိုက်ခဲ့ရာ အစ္စရေးနှင့် ပါလက်စတိုင်းကြား စစ်ပွဲစတင်ခဲ့ပြီး အစ္စရေးပြည်သူ ၁၄၀၀ ကျော် သေဆုံးထားကြောင်း သိရသည်။
အစ္စရေးသည် ဟားမက်စ်အဖွဲ့အပေါ် လက်တုံ့ပြန်မှုအဖြစ် လူပေါင်း ၂ ဒသမ ၃ သန်းရှိနေသော ဂါဇာကမ်းမြောင် ဒေသကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အရပ်သားတွေ ထိခိုက်နစ်နာ အောင်ပြုလုပ်နေသော အကြမ်းဖက်လုပ်ရပ်အားလုံးကို ပြစ်တင်ရှုတ်ချကြောင်း ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကို Brighton and Hove မြို့ကောင်စီဝင်များ ပြန်လည်ရုတ်သိမ်းဖို့ ဆုံးဖြတ်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ