ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ ဂုဏ်ထူးဆောင်ဆုကို Brighton and Hove မြို့ကောင်စီဝင်များ ပြန်လည်ရုတ်သိမ်းဖို့ ဆုံးဖြတ်
ဂျန်ဇက် (NSS) - အောက်တိုဘာ ၂ဝ
ဗြိတိန်နိုင်ငံ Brighton and Hove မြို့ကောင်စီဝင်များဟာ အောက်တိုဘာ ၁၉ ရက်နေ့က မဲခွဲဆုံးဖြတ်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ထားတဲ့ မြို့ဂုဏ်ထူးဆောင်ဆုကို ပြန်လည်ရုတ်သိမ်းလိုက်ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် တာဝန်ယူနေတဲ့အချိန် ၂၀၁၇ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပျက်ကွက်မှုများရှိခဲ့တယ်လို့ စွပ်စွဲကာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချီးမြှင့်ထားတဲ့ဆုကို ပြန်လည်ရုတ်သိမ်းဖို့ သင့်မသင့်ဆိုတဲ့အချက်ကို မြို့ကောင်စီဝင်များကြား မဲခွဲဆုံးဖြတ်ခဲ့ပြီးခဲ့ ရာ ကောင်စီဝင်အားလုံးက Freedom of the City ဆုကို ပြန်လည်ရုတ်သိမ်းဖို့ တစ်ညီတစ်ညွှတ်တည်း ဆုံးဖြတ်ခဲ့ ကြောင်း သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဆိုပါဆုကို ၂၀၁၁ ခုနှစ်က ရရှိခဲ့ပြီးနောက် လက်ရှိအချိန်မှာတော့ ပြန်လည် ရုတ်သိမ်းခံလိုက်ရပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ်က ဘင်္ဂါလီအရေးဖြစ်ပွားခဲ့ပြီးနောက် မကြာမီ Brighton and Hove မြို့ကောင်စီဝင်များဟာ မြို့ကောင်စီဝင်တွေဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချီးမြှင့်ထားတဲ့ဆုကို ပြန်ရုတ်သိမ်းဖို့ ကြိုးပမ်းခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်တုန်းက ပြုလုပ်ခဲ့ဖူးတဲ့ ဆုပြန်ရုတ်သိမ်းဖို့ သင့်/မသင့် မဲခွဲ ဆုံးဖြတ်ရာမှာ လုံလောက်တဲ့ မဲအရေအတွက်မျိုး မရခဲ့ဘူးလို့ သိရပါတယ်။
ဆုကို ပြန်ရုတ်သိမ်းနိုင်ဖို့ မြို့ကောင်စီဝင်အားလုံးအနက် ၃ ပုံ ၂ ပုံက ထောက်ခံမဲပေးရမှာဖြစ်ကြောင်း သိရပါ တယ်။ မြို့ကောင်စီဝင်တစ်ဦးဖြစ်တဲ့ Sankey က "ဒေါ်အောင်ဆန်းစုကြည်ဟာ ဘင်္ဂါလီတွေနဲ့ပတ်သက်ပြီး အခွင့်အရေးကာကွယ်ပေးဖို့အခွင့်အရေး ရှိခဲ့တယ်။ ဒါပေမယ့် ဘင်္ဂါလီတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးကို ကာကွယ်ပေးဖို့၊ ထုတ်ဖော်ပြောဆိုဖို့ ပျက်ကွက်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမ အရင်လုပ်ဆောင်ခဲ့ဖူး တဲ့အရာတွေနဲ့ နှိုင်းယှဉ်ရင် ဘင်္ဂါလီအရေးမှာ အရည်ချင်းပြည့်မှီမှု မရှိခဲ့ဘူး" လို့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ ဘင်္ဂါလီအရေးဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဂုဏ်ထူးဆောင်ဆုအချို့ ပြန်လည်ရုတ်သိမ်းခံခဲ့ရကြောင်း သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာဒီမိုကရေစီအရေး လှုပ်ရှား ကြိုပမ်းချိန်ကာလအတွင်း ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုအပြင် အမေရိကန်လွှတ်တော်ရဲ့ ရွှေတံဆိပ်တွေနဲ့ အခြားဂုဏ်ထူးဆောင်ဆုတွေကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမျိုးသမီးတစ်ဦးကို “ဒလန်၊ သတင်းပေး” ဟုဆိုကာ PDF အဖွဲ့က သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှု မတ္တရာမြို့၌ ဖြစ်ပွား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ