စိုက်ပျိုးရေးဦးစီးဌာနက အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းအတွက် ဝန်ထမ်း (၅၀၀)ကျော် ခေါ်ယူနေ
စော (NSS) - အောက်တိုဘာ ၂ဝ
စိုက်ပျိုးရေးဦးစီးဌာနက အခြခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းအတွက် ဝန်ထမ်း (၅၀၀)ကျော် ခေါ်ယူ နေကြောင်း သိရသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနက ယနေ့ (အောက်တိုဘာ ၂၀ ရက်) တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
စိုက်ပျိုးရေးဦးစီးဌာန၊ အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းတွင် လစ်လပ်လျက်ရှိသော ရာထူး (၅၁၀) ဦးကို ခန့်အပ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါရာထူးနေရာများတွင် စိုက်ပျိုးရေး နည်းပြရာထူး (၁၀၂) ဦးနှင့် မွေးမြူရေးနည်းပြရာထူး (၁၀၂) ဦး တို့ကို ခန့်အပ်သွားမည်ဖြစ်ပြီး စိုက်ပျိုးရေးဒုတိယနည်းပြရာထူး (၁၀၂)ဦးနှင့် မွေးမြူရေး ဒုတိယနည်းပြရာထူး (၁၀၂) ဦး တို့ကိုလည်း ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဒုလက်ထောက်ဦးစီးမှူး ရာထူး (၁၀၂)ဦးအနက် စိုက်ပျိုးရေးအတွက် (၅၁)ဦး နှင့် မွေးမြူရေးအတွက် (၅၁)ဦးတို့ကို ခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများအနေဖြင့် အောက်တိုဘာလကုန်တွင် အသက် (၃၀)နှစ်ဖြစ်ရန်လိုပြီး နိုင်ငံဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူဖြစ်ရန်လိုကြောင်း သိရသည်။
လျှောက်လွှာများကို နေပြည်တော်၊ ရုံးအမှတ် (၄၃)၊ စိုက်ပျိုးရေးဦးစီးဌာနသို့ (နိုဝင်ဘာ ၁၀ ရက်) နောက်ဆုံး ထား၍ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
လျှောက်ထားသူများသည် ရေဖြေစာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို လာမည့် နိုဝင်ဘာ (၁၇)ရက်တွင် နေပြည်တော်၊ ရုံးအမှတ် (၄၃)၊ စိုက်ပျိုးရေးဦးစီးဌာန၊ မူဝါဒ၊ စည်းမျည်းနှင့်ဝန်ထမ်းရေးရာဌာနခွဲ ၊ ဝန်ထမ်းရေးရာ ဌာနစိတ် (၇)၌ မှတ်ပုံတင်ကတ်ပြားပြသ၍ ထုတ်ယူနိုင်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေးနှင့် ဟားမက်စ်စစ်ပွဲက ပါလက်စတိုင်းများ၏ အခွင့်အရေးကို အာမခံပေးမှုနည်းပါးသည့်အတွက် ဖြစ်ပွားရခြင်းဖြစ်ကြောင်း တရုတ်အထူးကိုယ်စားလှယ် ပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း