သူနာပြု-သားဖွားဒီပလိုမာ အောင်မြင်သူ (၁၇၀၀) ကျော်ကို သစ်လွင်သူနာပြုများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ခန့်အပ်
Pearl (NSS) - အောက်တိုဘာ ၂၀
သူနာပြု-သားဖွားဒီပလိုမာ အောင်မြင်သူ (၁၇၄၅) ဦးကို သစ်လွင်သူနာပြုများအဖြစ် ကျန်းမာရေးဝန်ကြီးဌာနက ခန့်အပ်ခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ သစ်လွင်သူနာပြုများ တာဝန်ပေးအပ်သည့်ဌာနဆိုင်ရာ အမိန့်စာပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ (အောက်တိုဘာလ ၁၉ရက်)၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ နေပြည်တော်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတွင် ခန့်အပ်တာဝန် ပေးအပ်ခံရသည့် သစ်လွင်သူနာပြုများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနား၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက သစ်လွင်သူနာပြုများအား မဟာဘွဲ့နှင့် ပါရဂူဘွဲ့များကို ပြည်တွင်းတွင်သာမက ပြည်ပတွင်ပါ လေ့လာဆည်းပူးနိုင်ရေး ကြိုးစားရန် တိုက်တွန်းပြောကြား ထားသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ၂၀၂၃ ခုနှစ်အတွင်း သူနာပြုအုပ်များအား သူနာပြု အုပ်ကြီးရာထူးအဖြစ် လည်းကောင်း၊ သူနာပြုကြီး ၁၃၇ ဦးအား တာဝန်ခံသူနာပြုကြီးရာထူးအဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယမန်နေ့(အောက်တိုဘာ ၁၉ ရက်) တွင်လည်း သူနာပြု-သားဖွားဒီပလိုမာ အောင်မြင်သူ ၁၇၄၅ ဦး နှင့် သူနာပြုသိပ္ပံဘွဲ့ရသူ ၃၇ ဦးကို သစ်လွင်သူနာပြုများအဖြစ်ခန့်အပ်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။
ထို့အပြင် ဆေးဘက်ဆိုင်ရာ ဓာတ်မှန်နှင့်ပုံရိပ်ဖော်နည်းပညာဘွဲ့ရ (၃၅) ဦးကို ဆေးဘက်ကျွမ်းကျင်(၂) (ဓာတ်မှန်) အဖြစ် တာဝန်ပေးအပ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာခန္ဓာသန်စွမ်းမှု နည်းပညာဘွဲ့ရ (၃၇) ဦးကို ဆေးဘက်ကျွမ်းကျင်(၂) (အကြော)အဖြစ် ခန့်အပ်တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။
သူနာပြု-သားဖွား ဒီပလိုမာ(၃)နှစ်သင်တန်း အောင်မြင်ပါက (၉)လ အထူးပြုသူနာပြုဒီပလိုမာသင်တန်းအပါအဝင် အရေးပေါ်သူနာပြုစုမှုပညာသင်တန်း၊ သူနာပြုသိပ္ပံ(ပေါင်းကူး)သင်တန်း၊ ဘွဲ့လွန်ဒီပလိုမာ အရေးပေါ်သူနာပြုစုမှု ပညာသင်တန်း၊ ပြည်သူ့ကျန်းမာရေးမဟာသိပ္ပံဘွဲ့(MPH)၊ သူနာပြုမဟာသိပ္ပံဘွဲ့ (M.N.Sc) နှင့် သူနာပြု ပါရဂူဘွဲ့ (Ph.D) များသို့ တက်ရောက်နိုင်သည့် အခွင့်အလမ်းရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စိုက်ပျိုးရေးဦးစီးဌာနက အခြေခံပညာအထက်တန်းကျောင်း (၅၁)ကျောင်းအတွက် ဝန်ထမ်း (၅၀၀)ကျော် ခေါ်ယူနေ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ