Catch-up နည်းလမ်းဖြင့် (၂)ရက်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့်မရရှိခဲ့သည့် ကလေးငယ်(၂၀၀)ကျော်ကို ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခဲ့
စော (NSS) - အောက်တိုဘာ ၁၉
နှစ်ရက်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့်မရရှိခဲ့သည့် အသက် (၅)နှစ်အောက်ကလေးငယ်(၂၀၀) ကျော်ကို Catch-up (အမီလိုက်) နည်းလမ်းဖြင့် ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့(အောက်တိုဘာလ ၁၉ ရက်)တွင် အထက်ပါကဲ့သို့ထုတ်ပြန်ထားခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းဌာနခွဲသည် မွေးကင်းစမှ အသက် (၁၈)လအထိ ကလေးငယ်များအား ကာကွယ်ဆေး(၁၂)မျိုးကို အသက်အရွယ်အလိုက် ထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် အသက်အရွယ်အလိုက် ထိုးနှံရသည့် ကာကွယ်ဆေးများ ထိုးနှံရန်ကျန်ရှိသည့် အသက်(၅)နှစ်အောက် ကလေးငယ်များကိုလည်း Catch-up(အမီလိုက်) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံခြင်း၊ တိုက်ကျွေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအဖွဲ့သည့် အောက်တိုဘာလ (၁၆)ရက်မှ (၁၇)ရက်များတွင် မုံရွာမြို့ကာကွယ်ဆေးထိုးစုရပ်၌ အသက် (၁)နှစ်မှ (၅)နှစ်အတွင်း ကာကွယ်ဆေးလုံးဝမရသည့် ကလေးငယ်များနှင့် ကာကွယ်ဆေးအကြိမ်ပြည့်မရရှိသေးသည့် ကလေးငယ် (၇၅)ဦးအပြင် အသက် (၁)နှစ်အောက် ပုံမှန်ကာကွယ်ဆေးထိုးနှံရမည့်ကလေးငယ် (၁၆၅)ဦး စုစုပေါင်း (၂၄၀)ဦးတို့ကို ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ် (၂၄၀)ဦးအား အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများဖြစ်သည့် ပိုလီယို အစက်ချကာကွယ်ဆေး(bOPV) ၊ ပိုလီယိုကာကွယ်ဆေး ထိုးဆေး(IPV)၊ ဝက်သက်ဂျိုက်သိုး ရောဂါ ကာကွယ်ဆေး(MR)နှင့် ငါးမျိုးစပ် ကာကွယ်ဆေး(Penta)များ ထိုးနှံခြင်းများနှင့် တိုက်ကျွေးခြင်းများပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်များအား ဆုံဆို့-မေးခိုင်ရောဂါကာကွယ်ဆေးနှင့် အသက်(၉)နှစ်ပြည့်ပြီးမိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-19 / 2:20 PM)
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ