ယွမ်ငွေသန်း(၄ဝဝ) အကုန်အကျခံတည်ဆောက်နေသည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနစီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထား
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၆
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်နေသည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင်ရေးဌာန စီမံကိန်း တည်ဆောက်မှုကို လာမည့် ဒီဇင်ဘာလတွင် ပြီးစီးရန်လျာထားကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖေဖော်ဝါရီလ(၂၄)ရက်၊ နံနက်ပိုင်းတွင် စီမံကိန်းတည်ဆောက်မှုများအား သွားရောက်လေ့လာစဉ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းသည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ချစ်ကြည်ရေး သင်္ကေတတစ်ခုဖြစ်ပြီး ဒေသတွင်းနှင့် ကမ္ဘာ့ကပ်ရောဂါ အပါအဝင် ကူးစက်ရောဂါများကို ကာကွယ်၊ ထိန်းချုပ်ရေးများ ဆောင်ရွက်ရာတွင် မရှိမဖြစ် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။
ကူးစက်ရောဂါများနှင့်ပတ်သက်ပြီး ကာကွယ်၊ ထိန်းချုပ်ခြင်းအပြင် ရောဂါရှာဖွေစစ်ဆေးခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် သင်တန်းပို့ချခြင်းများကိုလည်း တစ်နေရာထဲတွင် ဆောင်ရွက်နိုင်မည်ဖြစ်ပြီး များစွာအကျိုးရှိမည့် စီမံကိန်းလည်း ဖြစ်သည်။
တည်ဆောက်ရေးလုပ်ငန်းများကို တရုတ်နိုင်ငံရှိ CCCC Third Habouring Co.,Ltd မှတာဝန်ရှိသူများက ဆောင်ရွက်နေခြင်းဖြစ်ပြီး တရုတ်ယွမ်ငွေသန်း(၄ဝဝ)ခန့်တန်ဖိုးရှိသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် အုပ်ချုပ်မှုလုပ်ငန်းများအတွက် နှစ်ထပ်ဆောင်တစ်ဆောင်၊ ရောဂါနှိမ်နင်းရေးလုပ်ငန်းများနှင့် နိုင်ငံတကာအဆင့်မီ ဇီဝလုံခြုံမှု အဆင့်(၃)နှင့် အဆင့်(၂) ဓာတ်ခွဲခန်းများပါသည့် သုံးထပ်ဆောင် တစ်ဆောင်နှင့် သုံးထပ် သင် ကြားမှုဆောင် တစ်ဆောင်ပါဝင်မည်ဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထားကြောင်း သိရသည်။
စီမံကိန်းပြီးစီးပါက မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများ လေ့ကျင်ရေးဌာနတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် အကျိုးများစွာရှိလာမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးမှ ဆိုသည်။
zawgyi version
ယြမ္ေငြသန္း(၄ဝဝ) အကုန္အက်ခံတည္ေဆာက္ေနသည့္ ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာနစီမံကိန္းကို လာမည့္ ဒီဇင္ဘာလတြင္ ၿပီးစီးရန္ လ်ာထား
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၆
ေနျပည္ေတာ္၊ ဒကၡိဏသီရိၿမိဳ႕နယ္တြင္ တည္ေဆာက္ေနသည့္ ျမန္မာႏိုင္ငံ ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာနႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ေလ့က်င္ေရးဌာန စီမံကိန္း တည္ေဆာက္မႈကို လာမည့္ ဒီဇင္ဘာလတြင္ ၿပီးစီးရန္လ်ာထားေၾကာင္း သိရသည္။
က်န္းမာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာသက္ခိုင္ဝင္းက ေဖေဖာ္ဝါရီလ(၂၄)ရက္၊ နံနက္ပိုင္းတြင္ စီမံကိန္း တည္ေဆာက္မႈမ်ားအား သြားေရာက္ေလ့လာစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အဆိုပါ စီမံကိန္းသည္ ျမန္မာႏိုင္ငံႏွင့္ တ႐ုတ္ႏိုင္ငံတို႔၏ ပူးေပါင္းေဆာင္႐ြက္မႈႏွင့္ ခ်စ္ၾကည္ေရး သေကၤတတစ္ခုျဖစ္ၿပီး ေဒသတြင္းႏွင့္ ကမာၻ႔ကပ္ေရာဂါ အပါအဝင္ ကူးစက္ေရာဂါမ်ားကို ကာကြယ္၊ ထိန္းခ်ဳပ္ေရးမ်ား ေဆာင္႐ြက္ရာတြင္ မရွိမျဖစ္ လိုအပ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။
ကူးစက္ေရာဂါမ်ားႏွင့္ပတ္သက္ၿပီး ကာကြယ္၊ ထိန္းခ်ဳပ္ျခင္းအျပင္ ေရာဂါရွာေဖြစစ္ေဆးျခင္း၊ သုေတသနလုပ္ငန္းမ်ား ေဆာင္႐ြက္ျခင္းႏွင့္ သင္တန္းပို႔ခ်ျခင္းမ်ားကိုလည္း တစ္ေနရာထဲတြင္ ေဆာင္႐ြက္ႏိုင္မည္ျဖစ္ၿပီး မ်ားစြာအက်ိဳးရွိမည့္ စီမံကိန္းလည္း ျဖစ္သည္။
တည္ေဆာက္ေရးလုပ္ငန္းမ်ားကို တ႐ုတ္ႏိုင္ငံရွိ CCCC Third Habouring Co.,Ltd မွတာဝန္ရွိသူမ်ားက ေဆာင္႐ြက္ေနျခင္းျဖစ္ၿပီး တ႐ုတ္ယြမ္ေငြသန္း(၄ဝဝ)ခန႔္တန္ဖိုးရွိသည့္ စီမံကိန္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါ စီမံကိန္းတြင္ အုပ္ခ်ဳပ္မႈလုပ္ငန္းမ်ားအတြက္ ႏွစ္ထပ္ေဆာင္တစ္ေဆာင္၊ ေရာဂါႏွိမ္နင္းေရးလုပ္ငန္းမ်ားႏွင့္ ႏိုင္ငံတကာအဆင့္မီ ဇီဝလုံၿခဳံမႈ အဆင့္(၃)ႏွင့္ အဆင့္(၂) ဓာတ္ခြဲခန္းမ်ားပါသည့္ သုံးထပ္ေဆာင္ တစ္ေဆာင္ႏွင့္ သုံးထပ္ သင္ ၾကားမႈေဆာင္ တစ္ေဆာင္ပါဝင္မည္ျဖစ္ၿပီး လာမည့္ ဒီဇင္ဘာလတြင္ ၿပီးစီးရန္ လ်ာထားေၾကာင္း သိရသည္။
စီမံကိန္းၿပီးစီးပါက ျမန္မာႏိုင္ငံတြင္ ႏိုင္ငံတကာအဆင့္မီ ေရာဂါထိန္းခ်ဳပ္ေရးဗဟိုဌာနႏွင့္ က်န္းမာေရးဝန္ထမ္းမ်ား ေလ့က်င္ေရးဌာနတစ္ခုအျဖစ္ ေပၚေပါက္လာမည္ျဖစ္ၿပီး ျပည္သူမ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈအတြက္ အက်ိဳးမ်ားစြာရွိလာမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုဝန္ႀကီးမွ ဆိုသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကြက်ငှက်တုပ်ကွေးရောဂါအခြေအနေက 'စိုးရိမ်စရာ' ရှိကြောင်း WHO ပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း