ကတိများအတိုင်း ယူကရိန်းကို Leopard 2 အမျိုးအစားတင့်ကားများ ပေးပို့ခဲ့ဟု ကနေဒါဝန်ကြီးချုပ်ပြော
Pika (NP News) - ဖေဖော်ဝါရီ ၂၆
ကနေဒါနိုင်ငံသည် ၎င်း၏ကတိများအတိုင်း ယူကရိန်းသို့ Leopard 2 အမျိုးအစားတင့်ကားလေးစီးပေးပို့ခဲ့ပြီး ရုရှားအစိုးရတာဝန်ရှိသူများအပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီနှင့်အဖွဲ့အစည်း (၁၉၂)ခုအပေါ် ပိတ်ဆို့အရေးယူမှုများထပ်မံချမှတ်ခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ် ထရုဒိုးကပြောကြားခဲ့သည်။
ထရုဒိုးက"ရုရှားနဲ့စစ်ပွဲစတင်ကတည်းက ကနေဒါနိုင်ငံဟာ ယူကရိန်းနဲ့တစ်သားတည်းရပ်တည်ခဲ့ပါတယ်။ နောက်လည်း ယူကရိန်းနဲ့အတူရပ်တည်သွားမှာပါ။ ဒီစစ်ပွဲက မပြီးဆုံးသေးဘူးဆိုတာ ကျွန်တော်တို့သိပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ထရုဒိုးသည် ရုရှားသမ္မတပူတင်၏ ကျူးကျော်စစ်ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ၎င်းသည် အန္တရာယ်များပြီး သူရဲဘောကြောင်သည့် အားနည်းသောသူတစ်ဦးဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ကနေဒါနိုင်ငံ၏ ပိတ်ဆို့အရေးယူမှုအသစ်များတွင် ယူကရိန်းအားကျူးကျော်တိုက်ခိုက်မှုများကို ကျောထောက်နောက်ခံပြုထားသည့် ရုရှားလွှတ်တော်အမတ်များ၊ ဒုဝန်ကြီးချုပ်၊ ဝန်ကြီးများအပါအဝင် သမ္မတရုံးရှိ အခြားအရာရှိများ၊ စစ်တပ်နှင့်စစ်ဖက်အရာရှိများပါဝင်ကြောင်းသိရသည်။
ယူကရိန်းတပ်ဖွဲ့များကို လေ့ကျင့်သင်ကြားပေးနေသည့် ပိုလန်နိုင်ငံသို့ ယခင်က ကတိပြုခဲ့သည့်အတိုင်း ဂျာမန်ထုတ် Leopard 2 အမျိုးအစားတင့်ကား(၄)စီး ပေးပို့ခဲ့ကြောင်း ကနေဒါဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ကြေညာခဲ့သည်။ ကနေဒါနိုင်ငံသည် ယူကရိန်းသို့ Leopard 2 အမျိုးအစားတင့်ကားလေးစီးအပြင် သံချပ်ကာယာဉ်များနှင့် ကျည်ဆန်များကိုလည်းပေးပို့လျက်ရှိကြောင်းသိရသည်။G7 အဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်ကာ ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုများ ထပ်မံချမှတ်ရန် အမေရိကန်နိုင်ငံက ကြေညာခဲ့ပြီးနောက် ကနေဒါနိုင်ငံသည် ရုရှားအပေါ်ပိတ်ဆို့အရေးယူမှု အသစ်များချမှတ်ခဲ့ပြီး ယူကရိန်းသို့စစ်ရေးအကူအညီသစ်များကို ပေးပို့ခဲ့ကြောင်းသိရသည်။
zawgyi version
ကတိမ်ားအတိုင္း ယူကရိန္းကို Leopard 2 အမ်ိဳးအစားတင့္ကားမ်ား ေပးပို႔ခဲ့ဟု ကေနဒါဝန္ႀကီးခ်ဳပ္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
ကေနဒါႏိုင္ငံသည္ ၎၏ကတိမ်ားအတိုင္း ယူကရိန္းသို႔ Leopard 2 အမ်ိဳးအစားတင့္ကားေလးစီးေပးပို႔ခဲ့ၿပီး ႐ုရွားအစိုးရတာဝန္ရွိသူမ်ားအပါအဝင္ လူပုဂၢိဳလ္တစ္ဦးခ်င္းစီႏွင့္အဖြဲ႕အစည္း (၁၉၂)ခုအေပၚ ပိတ္ဆို႔အေရးယူမႈမ်ားထပ္မံခ်မွတ္ခဲ့ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္ ထ႐ုဒိုးကေျပာၾကားခဲ့သည္။
ထ႐ုဒိုးက"႐ုရွားနဲ႔စစ္ပြဲစတင္ကတည္းက ကေနဒါႏိုင္ငံဟာ ယူကရိန္းနဲ႔တစ္သားတည္းရပ္တည္ခဲ့ပါတယ္။ ေနာက္လည္း ယူကရိန္းနဲ႔အတူရပ္တည္သြားမွာပါ။ ဒီစစ္ပြဲက မၿပီးဆုံးေသးဘူးဆိုတာ ကြၽန္ေတာ္တို႔သိပါတယ္"ဟုေျပာဆိုခဲ့သည္။
ထို႔ျပင္ ထ႐ုဒိုးသည္ ႐ုရွားသမၼတပူတင္၏ က်ဴးေက်ာ္စစ္ကို ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး ၎သည္ အႏၲရာယ္မ်ားၿပီး သူရဲေဘာေၾကာင္သည့္ အားနည္းေသာသူတစ္ဦးျဖစ္ေၾကာင္း ေျပာဆိုခဲ့သည္။ ကေနဒါႏိုင္ငံ၏ ပိတ္ဆို႔အေရးယူမႈအသစ္မ်ားတြင္ ယူကရိန္းအားက်ဴးေက်ာ္တိုက္ခိုက္မႈမ်ားကို ေက်ာေထာက္ေနာက္ခံျပဳထားသည့္ ႐ုရွားလႊတ္ေတာ္အမတ္မ်ား၊ ဒုဝန္ႀကီးခ်ဳပ္၊ ဝန္ႀကီးမ်ားအပါအဝင္ သမၼတ႐ုံးရွိ အျခားအရာရွိမ်ား၊ စစ္တပ္ႏွင့္စစ္ဖက္အရာရွိမ်ားပါဝင္ေၾကာင္းသိရသည္။
ယူကရိန္းတပ္ဖြဲ႕မ်ားကို ေလ့က်င့္သင္ၾကားေပးေနသည့္ ပိုလန္ႏိုင္ငံသို႔ ယခင္က ကတိျပဳခဲ့သည့္အတိုင္း ဂ်ာမန္ထုတ္ Leopard 2 အမ်ိဳးအစားတင့္ကား(၄)စီး ေပးပို႔ခဲ့ေၾကာင္း ကေနဒါဝန္ႀကီးခ်ဳပ္႐ုံးက ထုတ္ျပန္ေၾကညာခဲ့သည္။ ကေနဒါႏိုင္ငံသည္ ယူကရိန္းသို႔ Leopard 2 အမ်ိဳးအစားတင့္ကားေလးစီးအျပင္ သံခ်ပ္ကာယာဥ္မ်ားႏွင့္ က်ည္ဆန္မ်ားကိုလည္းေပးပို႔လ်က္ရွိေၾကာင္းသိရသည္။G7 အဖြဲ႕ဝင္ႏိုင္ငံမ်ားႏွင့္အတူ ပူးေပါင္းေဆာင္႐ြက္ကာ ႐ုရွားအေပၚပိတ္ဆို႔အေရးယူမႈမ်ား ထပ္မံခ်မွတ္ရန္ အေမရိကန္ႏိုင္ငံက ေၾကညာခဲ့ၿပီးေနာက္ ကေနဒါႏိုင္ငံသည္ ႐ုရွားအေပၚပိတ္ဆို႔အေရးယူမႈ အသစ္မ်ားခ်မွတ္ခဲ့ၿပီး ယူကရိန္းသို႔စစ္ေရးအကူအညီသစ္မ်ားကို ေပးပို႔ခဲ့ေၾကာင္းသိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယွမ်ငွေသန်း(၄ဝဝ) အကုန်အကျခံတည်ဆောက်နေသည့် ရောဂါထိန်းချုပ်ရေးဗဟိုဌာနစီမံကိန်းကို လာမည့် ဒီဇင်ဘာလတွင် ပြီးစီးရန် လျာထား
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ