PDF လက်နက်ကိုင်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုတွေ မြင့်တက်လာနေဟု မြန်မာနိုင်ငံဆိုင်ရာ ကုလလူအခွင့်ရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူး ဆို
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇
အမျိုးသမီးအခွင့်အရေးဆိုင်ရာအဖွဲ့တွေက PDF လက်နက်ကိုင်အဖွဲ့ အပါအဝင် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်း မြင့်တက်လာနေတယ်ဆိုတဲ့အချက်ကို ပြောဆိုထားကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူး (Thomas H. Andrews) က ဆိုပါတယ်။
အန်ဒရူးဟာ အောက်တိုဘာ ၁၂ ရက်က ကုလသမဂ္ဂလူအခွင့်အရေးကောင်စီ အစည်းအဝေးမှာ တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ အခုလိုမျိုးဖော်ပြထားခြင်းဖြစ်ကြောင်း သိရပါတယ်။ အတိုက်ခံလက်နက်ကိုင်အဖွဲ့တွေဟာ အမျိုးသမီးတွေနဲ့ ကလေးတွေကို ခြိမ်းခြောက် အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေဟာ ဒီမိုကရေစီအရေးလှုပ်ရှားမှု လက်နက်ကိုင်တော်လှန်ရေးကို ထိခိုက်နစ်နာအောင်ပြုလုပ်သူအဖြစ် ဝေဖန်ပြစ်တင်ခံရမှာ စိုးရိမ်ခြင်း၊ ခြိမ်းခြောက်ခံရခြင်း နဲ့ လက်တုံ့ပြန်ခံရမှာကို စိုးရိမ်ခြင်းများကြောင့် PDF လက်နက်ကိုင်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေ ကို ထုတ်ဖော်ပြောဆိုရမှာကို စိုးရိမ်နေကြောင်း အဆိုပါအစီရင်ခံစာရဲ့ အပိုဒ် ၃၅ မှာ ထည့်သွင်းဖော်ပြထားပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိခြင်း နဲ့ တရားစီရင်ရေးပျက်ကွက်မှုများကြောင့် PDF လက်နက်ကိုင်အဖွဲ့တွေရဲ့ ကျူးလွန်မှုများကို ဖော်ပြပြောဆိုခြင်းများ မလုပ်ရဲဘဲရှိနေကြောင်း သိရပါတယ်။ NUG အဖွဲ့က ၎င်းတို့ရဲ့ အမျိုးသမီး၊ လူငယ်၊ ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ ခေါင်းပုံဖြတ်ခံရမှုတို့ကို ကာကွယ်ပေးဖို့ မူဝါဒများအကောင်အထည်ဖော်နေကြောင်း ပြောဆိုနေပေမယ့် လက်တွေ့မှာ တိကျတဲ့ဆောင်ရွက် မှုများ မလုပ်ဆောင်နိုင်ကြောင်း အန်ဒရူးက အစီရင်ခံစာထဲမှာ ရေးသားထားပါတယ်။
PDF လက်နက်ကိုင်အဖွဲ့တွေနဲ့ အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း သားကောင်ဖြစ်ခဲ့ ရသူတွေနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုကနေ အသက်ရှင်လွတ်မြောက်ခဲ့သူတွေဟာ ကျူးလွန်သူများထံကနေ လျော်ကြေး၊ ရယူနိုင်ခြင်းမရှိသလို ကျူးလွန်ခံရတဲ့ ရာဇဝတ်မှုများအတွက် အမှန်တရားနဲ့ တရားမျှတမှုရရှိအောင် လုပ်ဆောင်ဖို့ ရှောင်ရှားခြင်းများလည်း ရှိနေကြောင်း အဲဒီအစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် NUG အဖွဲ့အနေနဲ့ လူအခွင့်အရေးအထူးကိုယ်စားလှယ်သောမတ်အန်ဒရူးက PDF လက်နက်ကိုင်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နဲ့ နစကကို ဆန့်ကျင်နေတဲ့အဖွဲ့အစည်းတွေ ကျူးလွန်တဲ့ လူအခွင့် အရေးချိုးဖောက်မှုတွေကို တာဝန်ယူခြင်း၊ တာဝန်ခံခြင်းများရှိအောင် လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒါ့အပြင် NUG အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ အနာဂတ်ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည် လျှောက်လှမ်းနိုင်ဖို့အတွက် နိုင်ငံရေးနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူဘောင်ပိုမိုကောင်မွန်အောင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းများနဲ့ အခြားမြန်မာနိုင်ငံရေးမှာ ပါဝင်နေတဲ့ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးမှု ပိုမိုကောင်းမွန်အောင်လုပ်ဆောင်ရမယ်လို့ ဆိုထားပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်နိုင်ငံ နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းရန် စိတ်ဝင်စားနေဟု မြန်မာသံအမတ်ကြီး ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ