Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုပ်ရှင်အစည်းအရုံးကကျင်းပမည့် ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲတွင် Top Ten စာရင်းဝင်ပါက နိုင်ငံတကာ ရုပ်ရှင်ပွဲတော်များသို့ ဝင်ရောက်ပြသခွင့်ရမည်

စော (NSS) - အောက်တိုဘာ ၁၇

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် မြန်မာ့ရိုးရာဓလေ့ခေါင်းစဉ်ဖြင့် ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲကို ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


မျိုးဆက်သစ်ရုပ်ရှင်ဖန်တီးထုတ်လုပ်သူများကို  အားပေးမြှင့်တင်ရန်နှင့် ရုပ်ရှင်အပေါ်စိတ်ဝင်စား တန်ဖိုးထားတတ်လာစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက အဆိုပါဇာတ်လမ်းတိုရုပ်ရှင် ပြိုင်ပွဲ (၂၀၂၃)ကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ ပြိုင်ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကိုက မျိုးဆက်သစ်လူငယ်တွေကို အားပေးချင်တာ။ ဒီရုပ်ရှင်ဇာတ်ကားကစဖို့က ခက်တယ်။ အွန်လိုင်းပေါ်မှာ ဇာတ်လမ်းတိုလေးတွေ အများကြီးတွေ့ရတယ်။ ဒါပေမယ့် ပြန့်ကျဲနေတယ်။ အဲဒီတော့ ပြန့်ကျဲနေတဲ့လူငယ်တွေကို  စုစုစည်းစည်းနဲ့ နိုင်ငံတကာကို ထိုးဖောက်နိုင်အောင် စင်တင်ပေးတဲ့သဘောပါ” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာ ဆက်ဆံ‌ရေးကော်မတီမှ ပြန်ကြားရေးမှူး ဦးချမ်းသာကြည်စိုးက NP News ကိုပြောသည်။

အဆိုပါ ပြိုင်ပွဲခေါင်းစဉ်သည် မြန်မာ့ရိုးရာဓလေ့ဖြစ်ပြီး (၅)မိနစ်အောက် ရိုက်ကူးထားသည့် ဇာတ်လမ်းတို နှင့် (၅)မိနစ်မှ (၂၅)မိနစ်အတွင်း ရိုက်ကူးထားသည့် ဇာတ်လမ်းတိုဟူ၍ အမျိုးအစားနှစ်မျိုးခွဲထားကြောင်း သိရသည်။

ပြိုင်ပွဲဝင်လိုသူများအနေဖြင့် အသက် (၂၀)နှစ် မှ (၄၀)နှစ်အတွင်းဖြစ်ရန်လိုပြီး ဇာတ်လမ်းတိုများတွင် အသုံးပြုထားသည့် နောက်ခံတေးဂီတသီချင်းများသည် Copy Right ငြိစွန်းမှုမရှိစေရန် လိုကြောင်း သိရသည်။

ထို့ပြင် ရုပ်/သံ အရည်အသွေးအနေဖြင့် Full HD; H-264 MP4,Stero 2CH ဖြစ်ရမည်ဖြစ်ပြီး တင်သွင်းထား သော ဇာတ်လမ်းတိုများကို ပြန်လည်ရုပ်သိမ်းခွင့်မရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲတွင် (၅) မိနစ်အောက် ဇာတ်လမ်းတိုရုပ်ရှင်အတွက်  Jury Award ဆု၊ Audience Award ဆုနှင့် Chairman’s Choice ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး (၅) မိနစ်မှ (၂၅ )မိနစ်အတွင်း ဇာတ်လမ်းတိုရုပ်ရှင်ပြိုင်ပွဲအတွက်  Jury Award ပထမ၊ ဒုတိယ၊ တတိယဆု၊ Audience Award ဆုနှင့် Chairman’s Choice ဆုတို့ကို ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဆန်ခါတင်ဘယ်နှစ်ကားထွက်လာမလဲတော့ မသိသေးဘူး။ အဲဒီဆန်ခါတင်ကားတွေကို ဂုဏ်ပြု လက်မှတ်တွေပေးမယ်။ နောက်ပြီး အဲဒီကားတွေကို နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေရှိရင် ချိတ်ဆက်ပြီး ပို့ပေးမယ်”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ဇာတ်လမ်းတိုပြိုင်ပွဲတွင် ဆုကြေးများကိုလည်း ထိုက်တန်စွာ ချီးမြှင့်သွားမည့်ဖြစ်ပြီး  Top Ten ဝင်သည့် ဇာတ်လမ်းတို (၁၀)ကားကို ဖန်တီးသူတို့အား အသိအမှတ်ပြုဂုဏ်ပြုလွှာများ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

ထို့ပြင် Top Ten ဝင်သည့် ဇာတ်လမ်းတိုများကို နိုင်ငံတကာရုပ်ရှင်ပွဲတော်များသို့ ပေးပို့ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ပြိုင်ပွဲဝင်မည့်သူများအနေဖြင့် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် လျှောက်လွှာကိုရယူ၍ လာမည့် ဒီဇင်ဘာလ (၂၅) ရက် နောက်ဆုံးထား၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။


Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

PDF လက်နက်ကိုင်အဖွဲ့အပြင် အခြားလက်နက်ကိုင်အဖွဲ့တွေရဲ့အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အဓမ္မပြုကျင့်မှုတွေ မြင့်တက်လာနေဟု မြန်မာနိုင်ငံဆိုင်ရာ ကုလလူအခွင့်ရေးအထူးကိုယ်စားလှယ် သောမတ်အန်ဒရူး ဆို

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved