တက္ကသိုလ်များ၏ နေ့သင်တန်းအားလုံးကို လာမည့် နိုဝင်ဘာလ(၂၃)ရက်တွင် စတင်ဖွင့်လှစ်မည်
စော (NSS) - အောက်တိုဘာ ၁၇
တက္ကသိုလ်များ၏ နေ့သင်တန်းများ အားလုံးကို လာမည့် နိုဝင်ဘာလ (၂၃)ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒေါက်တာညွန့်ဖေက ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်)တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက္ကသိုလ် ပါမောက္ခချုပ်များနှင့် တွေ့ဆုံရာ၌ အထက်ပါကဲ့သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
တက္ကသိုလ်များအားလုံးကို လာမည့် နိုဝင်ဘာလ ၂၃ ရက်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးကပြောသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တက္ကသိုလ်များ၌ ကျောင်းအပ်လက် ခံခြင်းလုပ်ငန်းများကို နိုဝင်ဘာလ ၁၆ ရက်တွင် ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း ပြောကြားခဲ့သည်။
ထို့သို့ လက်ခံဆောင်ရွက်ရာတွင်လည်း နေစဉ် နံနက် (၉)နာရီမှ ညနေ(၄)နာရီအထိ ပိတ်ရက်မရှိဘဲ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်စေလိုကြောင်း ၎င်းကတိုက်တွန်းပြောကြားခဲ့သည်။
ထို့ပြင် ပညာရေးဝန်ကြီးက တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး အလေး ထား ဆောင်ရွက်သွားကြရန်လိုကြောင်းလည်း တိုက်တွန်းပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-ကတ္တမန္ဒူး၊ ရန်ကုန်-လုမ္ဗိနီ၊ မန္တလေး-လုမ္ဗိနီတို့အကြား အပြန်အလှန်တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရန် စီစဉ်နေ
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း