ရန်ကုန်-ကတ္တမန္ဒူး၊ ရန်ကုန်-လုမ္ဗိနီ၊ မန္တလေး-လုမ္ဗိနီတို့အကြား အပြန်အလှန်တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရန် စီစဉ်နေ
Pearl (NSS) - အောက်တိုဘာ ၁၇
ရန်ကုန်-ကတ္တမန္ဒူး၊ ရန်ကုန်-လုမ္ဗိနီ၊ မန္တလေး-လုမ္ဗိနီတို့အကြား အပြန်အလှန်တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံအမတ်ကြီး H.E. Mr. Harishchandra Ghimire တို့ အောက်တိုဘာလ(၁၆)ရက်က နေပြည်တော်၌ တွေ့ဆုံခဲ့စဉ် အထက်ပါကဲ့သို့ ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် နီပေါနိုင်ငံနှစ်နိုင်ငံအကြား ရန်ကုန်-ကတ္တမန္ဒူး၊ ရန်ကုန်-လုမ္ဗိနီ၊ မန္တလေး-လုမ္ဗိနီတို့အကြား အပြန်အလှန် တိုက်ရိုက်လေကြောင်းလိုင်းများ ပြေးဆွဲရန်အတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြန်မာနိုင်ငံရှိ ထင်ရှားသောဘုရားစေတီများနှင့် မြန်မာနိုင်ငံမြောက်ဖျားပိုင်းရှိ အထင်ကရနေရာများသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်နိုင်ရန် နှင့် ကတ္တမန္ဒူးမြို့ရှိ နီပေါနိုင်ငံဆိုင်ရာမြန်မာသံရုံး နှင့် လုမ္ဗိနီဖွံ့ဖြိုးမှုကောင်စီတို့အကြားချုပ်ဆိုခဲ့သော နီပေါနိုင်ငံ၊ လုမ္ဗိနီဥယျာဉ်တော်ရှိ မြန်မာရွှေကျောင်းတော်ကြီးနှင့် လောကမဏိ စူဠာစေတီတော်တို့အတွက် မြေငှားရမ်းခ လျှော့ပေါ့ပေးဆောင်ရန် အပါအဝင် သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
အလားတူ အဆိုပါနေ့တွင် ပြည်ထောင်စုဝန်ကြီးဦးတင်ဦးလွင် နှင့် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E. Mr.J.M.J.P Bandara တို့တွေ့ဆုံခဲ့ ကြကြောင်း သိရသည်။
ထို့သို့တွေ့ဆုံစဉ် သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့နှင့် ကန္ဒီမြို့တို့ရှိ ဗုဒ္ဓတက္ကသိုလ်တို့တွင် ပညာသင်ကြားလျက်ရှိသော မြန်မာရဟန်းတော်များအတွက် စရိတ်များလျှော့ချပေးရေးအပါအဝင် သာသနာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့သော စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း