Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
ရုရှားသမ္မတပူတင် ပေကျင်းရဲ့ “ခါးပတ်နှင့်လမ်းမဖိုရမ်” ကို တက်ရောက်ရန် တရုတ်နိုင်ငံသို့ အလည်အပတ်ရောက် ရှိလာ

Htay Oung (NSS) - အောက်တိုဘာ ၁၇ 

ယူကရိန်းစစ်ရာဇဝတ်မှုများအတွက် နိုင်ငံတကာရာဇဝတ်ခုံရုံး ICC က ဖမ်းဝရမ်းထုတ်ပြန်ခြင်းခံရသူ ရုရှားခေါင်းဆောင်အတွက် ရှားရှားပါးပါး နိုင်ငံခြားခရီးအဖြစ် သမ္မတ ဗလာဒီမာပူတင်ဟာ ပေကျင်းမြို့ကိုရောက်ရှိလာကြောင်း တရုတ်အစိုးရမီဒီယာက ဖော်ပြတယ်လို့ Bloomberg က ဒီနေ့ အောက်တိုဘာလ ၁၇ ရက်က ရေးသားခဲ့ပါတယ်။


သမ္မတပူတင်ဟာ ပေကျင်းမှာ ကျင်းပနေတဲ့ “ခါးပတ်နှင့် လမ်း” Belt and Road ဖိုရမ်ကို တက်ရောက်လိမ့်မယ်လို့ CGTN သတင်းအေဂျင်စီက ဖော်ပြပါတယ်။ ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထား ကြောင်း ရုရှားနိုင်ငံ Interfax က စောစောပိုင်းမှာ ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

ယခုခရီးစဉ်ဟာ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ICC တာဝန်ရှိသူများက အနီးကပ်စောင့်ကြည့်နေတဲ့ ပေကျင်းနဲ့ မော်စကိုတို့အကြား ရင်းနှီးတဲ့ဆက်ဆံရေးကို အလေးပေးဖော်ပြနေပါတယ်။ ၂ဝ၂၂ ခုနှစ် ယူကရိန်းနိုင်ငံ အတွင်း ကျူးကျော်ဖို့ ပူတင်က အမိန့်ပေးကတည်းက တရုတ်ဟာ မော်စကိုအပေါ် အနောက်နိုင်ငံများရဲ့ ပိတ်ဆို့ အရေးယူမှုများမှ လျော့ပါးသွားစေဖို့ ရုရှားရဲ့အဓိကသံတမန်ရေးနဲ့ စီးပွားရေးတို့မှာ ပံ့ပိုးပေးခဲ့သူဖြစ်ပါတယ်။


ရှီကျင့်ဖျင်ရဲ့ ၂ဝ၁၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ခါးပတ်နှင့်လမ်း ပရောဂျက်အပေါ် အားပေးထောက်ခံကြောင်း ယခု ပူတင်ရဲ့ ခရီးစဉ်က အမှတ်အသားတစ်ခုဖြစ်လာပါတယ်။ အခြေခံအဆောက်အအုံနဲ့ အခြားပရောဂျက်များအတွက် ဒေါ်လာ ၉ဝဝ ဘီလျံခန့် သုံးစွဲရမယ့် အဲဒီအစီအစဉ်ဟာ ကြွေးမြီသက်ဆိုးရှည်မှုနဲ့  တရုတ်နိုင်ငံရဲ့စီးပွားရေးနှေးကွေးမှုက သက်ရောက်ခြင်းများ အပါအဝင် စိန်ခေါ်မှုများစွာတို့ကို ရင်ဆိုင်နေရပါတယ်။

ခရီးစဉ်မတိုင်မီ ရှီကျင့်ဖျင်နဲ့ အကြိမ် ၄ဝ ကျော်တွေ့ဆုံခဲ့ပြီး ချစ်ခင်လေးစားဖွယ် အမှတ်တရများစွာရှိကြောင်း တရုတ်အစိုးရပိုင် ရုပ်သံ CCTV နဲ့ တွေ့ဆုံစဉ် ဗလာဒီမာပူတင်က ပြောပါတယ်။

နိုင်ငံတကာရာဇဝတ်ခုံရုံးက ဖမ်းဝရမ်းထုတ်ပြန်ပြီးနောက် သူ့ရဲ့ပထမဆုံးနိုင်ငံခြားခရီးစဉ်အဖြစ်  မော်စကိုနဲ့ အခိုင်အမာဆက်ဆံရေးရှိတဲ့ ကာဂျစ္စတန်ဗဟိုအာရှနိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကပဲ ရောက်ရှိခဲ့ပါသေးတယ်။

အဲဒီအတောအတွင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဝမ်ယီဟာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ_လက်ဗ်ရော့ဗ်နဲ့  တနင်္လာနေ့မှာ တွေ့ဆုံခဲ့ကြောင်း၊  အစ္စရေး-ပါလက်စတိုင်းပဋိပက္ခ အပါအဝင် အကြောင်းအရာတွေကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့တယ်လို့ ပေကျင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

#ရုရှားသမ္မတပူတင်_တရုတ်ခရီးစဉ် #ရှီကျင့်ဖျင် #ခါးပတ်နဲ့လမ်း #၀မ်ယီ #ဆာဂီ_လက်ဗ်ရော့ဗ်

(Reuters, 17 October 2023,” Biden to affirm Israel's right to defend against Hamas” ကို #HtayOung, #OungMarine ဆီလျော်အောက် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

အရေးပေါ်လူနာပို့ဆောင်ရာမှ လူနာတင်ယာဉ်(၁)စီး ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ လူ(၂)ဦး သေဆုံး

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved