အရေးပေါ်လူနာပို့ဆောင်ရာမှ လူနာတင်ယာဉ်(၁)စီး ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ လူ(၂)ဦး သေဆုံး
စော (NSS) - အောက်တိုဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်တွင် အရေးပေါ်လူနာပို့ဆောင်ရာမှ လူနာတင်ယာဉ်(၁)စီး ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာ (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါကားသည် ယမန်နေ့ (အောက်တိုဘာလ ၁၆ ရက်)၊ ည(၇)နာရီခွဲအချိန်တွင် ရွှေပြည်သာမြို့နယ်၊ (၁၄)လမ်းဆုံ၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
“သူတို့က အရေးကြီးတဲ့လူနာတစ်ယောက်ကို အင်းစိန်ဆေးရုံကို ပို့ဖို့သယ်လာတာပေါ့။ လူတစ်ယောက်က ဖြတ်ပြေးတာကို ရှောင်လိုက်တာ လမ်းဘေးမှာရပ်ထားတဲ့ ကွန်တိန်နာရဲ့ဖင်ကို သွားတိုက်မိတာပါ။ ဖင်ကိုတိုက်ပြီး ကားကလည်ထွက်သွားပြီး ကွန်တိန်နာရှေ့က ဓာတ်တိုင်ကို ထပ်တိုက်မိပြီး မှောက်သွားတာပါ”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြော သည်။
ယာဉ်မတော်တဆမှုကြောင့် လူ(၂)ဦးသေဆုံးခဲ့ပြီး လူ(၂)ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
“အသင်းက ကောင်လေးတစ်ယောက်က အခင်းဖြစ်တဲ့နေရာမှာ ဆုံးသွားတယ်။ လူနာကတော့ ဆေးရုံရောက်မှဆုံးတယ်ကြားတယ်။ ယာဉ်မောင်းကတော့ ခေါင်းကွဲသွားလို့ ချုပ်လိုက်ရတယ်။ ၅၀-၅၀ လို့ပြောတယ်။ လမ်းဖြတ်ကူးတဲ့လူလည်း ထိသွားပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူ ပရဟိတအသင်းသားသည် အငယ်လေးဖြစ်ပြီး အသက်(၃၀)နှစ်ဝန်းကျင်ရှိကြောင်း သိရသည်။
အလားတူ ယနေ့(အောက်တိုဘာလ ၁၇ ရက်)၊ နံနက် (၁)နာရီခွဲဝန်းကျင်အချိန်တွင် ပဲခူးတိုင်း၊ ပဲခူးမြို့၊ နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၂၃/၂)နှင့် (၂၃/၃)ကြား၌ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာ အမျိုးသား (၂)ဦး သေဆုံးခဲ့ပြီး အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တက္ကသိုလ်များ၏ နေ့သင်တန်းအားလုံးကို လာမည့် နိုဝင်ဘာလ(၂၃)ရက်တွင် စတင်ဖွင့်လှစ်မည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း