လာမည့်အိမ်ကွင်းပွဲစဉ်တွင် လုံခြုံရေးများကို တိုးမြှင့်ချထားသွားမည်ဖြစ်ကြောင်း မန်ယူအသင်းတာဝန်ရှိသူများပြော
Pika (NSS) - အောက်တိုဘာ ၁၆
မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုအပေါ် အသင်းပရိသတ်များ၏ တုံ့ပြန်မှုများမှာ စိုးရိမ်ရသောကြောင့် မန်ယူအသင်း၏ လာမည့်အိမ်ကွင်းပွဲစဉ်ကို လုံခြုံရေးတိုးမြှင့်ချထားသွားမည်ဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းကို ဝယ်ယူရန် ယခင်ကကမ်းလှမ်းခဲ့သော ဆာဂျင်ရက်ကလစ်ဖ်သည် မန်ယူအသင်း၏ ရှယ်ယာ(၂၅) ရာခိုင်နှုန်းကိုရယူရန် မျှော်လင့်ထားပြီး အသင်းဘုတ်အဖွဲ့ဝင်များသည် ၎င်း၏ အဆိုပြုချက်ကို ယခုသီတင်းပတ် နှောင်းပိုင်းတွင် အတည်ပြုပေးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။
ယင်းအဆိုပြုချက်အရ ဆာဂျင်ရက်ကလစ်ဖ်၏အဖွဲ့သည် မန်ယူအသင်း၏ လုပ်ငန်းများကို ထိန်းချုပ်သွားမည်ဖြစ် သော်လည်း ဂလေဇာမိသားစုမှာ မန်ယူအသင်းတွင် ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်း သည် လာမည့်အောက်တိုဘာလ(၂၅)ရက်တွင် ကိုပင်ဟေဂင်အသင်း နှင့် ချန်ပီယံလိဂ်ပြိုင်ပွဲကို ယှဉ်ပြိုင်ကစားရ မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် မန်ယူအသင်းအား ရောင်းချရန် တောင်းဆိုသည့်ဆန္ဒပြပွဲများဖြစ်လာဖွယ် ရှိနေကြောင်းလည်း သိရသည်။ မန်ယူအသင်းသည် အောက်တိုဘာလ(၂၉)ရက်တွင် မန်စီးတီးအသင်း နှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကစားရမည်ဖြစ်ပြီး၊ သပိတ်မှောက်ဆန္ဒပြခြင်းများ လုပ်ဆောင်ရန် အသင်းပရိသတ်များကြားတွင် ဆွေးနွေးမှုများ ပြုလုပ်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ကာတာဘီလျံနာသူဋ္ဌေးကြီးတစ်ဦးဖြစ်သော Sheikh Jassim bin Hamad bin Jaber al-Thani မန်ယူအသင်းကို ဝယ်ယူရန် ယခင်ကကမ်းလှမ်းမှုများ လုပ်ဆောင်ခဲ့သော်လည်း လက်ရှိအချိန်တွင် အသင်းအားဝယ်ယူရန် ကမ်းလှမ်းခြင်းမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
Sheikh Jassim bin Hamad bin Jaber al-Thani ၏ အဖွဲ့သည် မန်ယူအသင်းကို (၁ဝဝ)ရာခိုင်နှုန်း ဝယ်ယူရန် ကမ်းလှမ်းခဲ့သလို ကစားသမားများနှင့် အခြေခံအဆောက်အဦးများအပေါ် ရင်းနှီးမြှုပ်နှံရန်လည်း ကမ်းလှမ်းခဲ့ ကြောင်း သိရသည်။ သို့သော်လည်း လက်ရှိအချိန်တွင် Sheikh Jassim bin Hamad bin Jaber al-Thani ၏ အဖွဲ့သည် မန်ယူအသင်းကို ဝယ်ယူရန် ကမ်းလှမ်းမှုများမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း သိရသည်။
ဆန္ဒပြမှုများဖြစ်ပွားလာနိုင်ခြေနှင့်ပတ်သက်ပြီး မန်ယူအသင်းနှင့် နီးကပ်စွာ လက်တွဲလုပ်ဆောင်သွားမည်ဖြစ် ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။ ရဲမှူးချုပ် Collette Roseက"Greater Manchester Police (GMP) ဟာ ကိုပင်ဟေဂင်အသင်းနဲ့ ပွဲစဉ်အတွင်း Old Trafford ကွင်းအပြင်ဖက်မှာ တာဝန်ယူပေးသွားမှာဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခွင့်ကို ပံ့ပိုးရင်း လုံခြုံရေးကို ထိန်းသိမ်းပေးဖို့လုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်နေမယ်ဆိုရင် ဟစ်ဘိုလာအဖွဲ့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံရမယ်လို့ အစ္စရေးစစ်ဘက် သတိပေး
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း