နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ ဆက်လက်လုပ်နေမယ်ဆိုရင် ဟစ်ဘိုလာအဖွဲ့ ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုများ တွေ့ကြုံရမယ်လို့ အစ္စရေးစစ်ဘက် သတိပေး
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၆
အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လက်ဘနွန်လက်ကိုင်အဖွဲ့ဟာ အစ္စရေးအပေါ်တိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် ဆိုးရွားတဲ့တုံ့ပြန်မှုတွေနဲ့ရင်ဆိုင်ရမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အစ္စရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Rear Adm. Daniel Hagari က "ဟစ်ဘိုလာအဖွဲ့ဟာ အီရန်နိုင်ငံရဲ့ညွှန်ကြားမှုနဲ့ ထောက်ခံမှုတွေကို ရယူပြီး၊ အစ္စရေးနိုင်ငံဘက်ခြမ်းကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့တယ်။ ဟစ်ဘိုလာအဖွဲ့ရဲ့ လုပ်ရပ်တွေက လက်ဘနွန်နိုင်ငံသားတွေအတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်မှုတွေကို ဖိတ်ခေါ်သလိုမျိုးဖြစ်နေ တယ်။ ကျွန်တော်တို့ဟာ နိုင်ငံမြောက်ပိုင်းနယ်စပ်ဒေသမှာ တပ်ဖွဲ့ဝင်အရေအတွက် တိုးမြှင့်ချထားတယ်။ ကျွန်တော်တို့အပေါ် ရန်လိုတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင်တော့ ဟစ်ဘိုလာအဖွဲ့တွေကို တုံ့ပြန်တိုက်ခိုက်သွားမယ်" လို့ ပြောပါတယ်။
ဒါ့အပြင် ၎င်းက ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အနေနဲ့ အစ္စရေးနိုင်ငံအပေါ် စမ်းသပ်တာမျိုးတွေ လုပ်ဆောင်နေ မယ်ဆိုရင် ၎င်းတို့ကို လူသေဆုံးမှုများဖြစ်စေတဲ့ တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်မှာဖြစ်ကြောင်း၊ အမေရိကန် နိုင်ငံကလည်း အစ္စရေးနိုင်ငံအပေါ်အပြည့်အဝထောက်ခံမှုပေးထားကြောင်း ပြောပါတယ်။
လက်ဘနွန် နဲ့ အစ္စရေးနယ်စပ်ဒေသ ၂ ကီလိုမီတာအတွင်းရှိ ဒေသခံ၊ အဖွဲ့အစည်းတွေကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ဖို့ အမိန့်ပေးထားကြောင်း၊ အရပ်သားတွေထိခိုက်နာကျင်မှုတွေမဖြစ်စေဖို့ ဘေးလွှတ်ရာကို ရွှေ့ပြောင်း ခိုင်းခြင်းဖြစ်ကြောင်း ၎င်းက ပြောပါတယ်။ ဟစ်ဘိုလာအဖွဲ့ဟာ အစ္စရေးနဲ့ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမက်စ်တို့ စစ်ပွဲစတင်ခဲ့ပြီးနောက် အစ္စရေးနယ်စပ်တွေကို ဒုံးကျည်နဲ့တိုက်ခိုက်တာမျိုးတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
BRICS အဖွဲ့ဝင်နိုင်ငံများ၏ ရည်မှန်းချက်ကို ရုရှားသမ္မတပူတင် ထုတ်ဖော်ပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ