နယ်စပ်ဒေသတွင် ယူကရိန်း၏ ဒရုန်း(၂၇)စင်းကို ဟန့်တားဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားစစ်ဘက် ပြော
Pika (NSS) - အောက်တိုဘာ ၁၅
ယူကရိန်းတပ်ဖွဲ့များသည် အောက်တိုဘာလ(၁၄)ရက် ညပိုင်းတွင် ရုရှားနိုင်ငံ Kursk မြို့သို့ ဒရုန်းများဖြင့် တိုက်ခိုက် ရန်ကြိုးပမ်းခဲ့သော်လည်း ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် ယူကရိန်းဖက်က လွှတ်တင်လိုက် သောဒရုန်းအများအပြားကို တားဆီးနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ယူကရိန်းတပ်ဖွဲ့များသည် အောက်တိုဘာလ(၁၄)ရက် အစောပိုင်းတွင် အဆိုပါဒေသကို အမြောက်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ညပိုင်းတွင် ယခုကဲ့သို့ ဒရုန်းများဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ Kursk အုပ်ချုပ်ရေးမှူး Roman Starovoyt က "လေကြောင်းရန်ကာကွယ်ရေးစနစ်တွေဟာ ယူကရိန်းဖက်က ဒရုန်း(၁၂) စင်းကို Kursk မြို့မှာ ပစ်ချခဲ့ပါတယ်။ Zorino ရွာနဲ့ Kursk မြို့မှာ ယူကရိန်းရဲ့ဒရုန်းအပျက်အစီးတွေကို တွေ့ခဲ့ရပါ တယ်။ အဲဒီတိုက်ခိုက်မှုအတွင်းမှာ သေဆုံး/ထိခိုက်ဒဏ်ရာရတာမျိုးတော့မရှိပါဘူး" ဟု ပြောခဲ့သည်။
ရုရှား၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များသည် Kursk မြို့တွင် ယူကရိန်း၏ ဒရုန်း(၁၈)စင်း၊ Belgorod ဒေသ တွင် ဒရုန်းနှစ်စင်း အပါအဝင် ယူကရိန်းဖက်က ပစ်လွှတ်လိုက်သော စုစုပေါင်း ဒရုန်း(၂၇)စင်းကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါနေ့အစောပိုင်းတွင် Kursk ဒေသ Glushkovsky ခရိုင်ကို ယူကရိန်းတပ်ဖွဲ့များက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရွာအများအပြားတွင် မီးလောင်မှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကို ကြုံတွေ့ခဲ့ရကြောင်း သိရသည်။ ထို့နောက် နာရီပိုင်းအကြာတွင် ယူကရိန်းတပ်ဖွဲ့များသည် Tyotkino ကို ဒုံးကျည် များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လူနေအိမ်များနှင့် ဓါတ်ငွေ့ပိုက်လိုင်းတစ်ခု ပျက်စီးခဲ့ကြောင်း သိရသည်။
Roman Starovoyt က "ယူကရိန်းတပ်ဖွဲ့တွေဟာ Glushkovsky ခရိုင် Tyotkino ရွာကို ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ယူကရိန်းဖက်မှ စုစုပေါင်း တိုက်ခိုက်မှု(၁၀)ကြိမ်ကို မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်း နေအိမ်လေးလုံးနဲ့ ဓါတ်ငွေ့ပိုက်လိုင်းလည်း ပျက်စီးခဲ့ပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
NCA သည် ငြိမ်းချမ်းမှုထံဦးတည်သော စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်ပါ ကတိကဝတ်များကို လိုက်နာရန် အိန္ဒိယ နှင့် ထိုင်းနိုင်ငံတို့ တိုက်တွန်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ