နိုင်ငံတကာကစားသမားဘဝမှ အနားယူမည့်အစီအစဉ်များမရှိသေးကြောင်း စီရော်နယ်ဒို ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁၄
ကမ္ဘာကျော်တိုက်စစ်မှူးစီရော်နယ်ဒိုက ၎င်းသည် ယူရို ၂ဝ၂၄ ပြိုင်ပွဲကို အနိုင်ရရှိရန် ရည်မှန်းထားသောကြောင့် နိုင်ငံတကာကစားသမားဘဝမှ အနားယူရန် အစီအစဉ်များမရှိသေးကြောင်း ထုတ်ဖော်ပြောခဲ့သည်။
အောက်တိုဘာလ(၁၃)ရက်က Slovakia အသင်းကို (၃)ဂိုး-(၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သောာ ယူရို ၂ဝ၂၄ ပြိုင်ပွဲတွင် ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုသည် နှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး တိုက်စစ်မှူးဂွန်ကာလိုရာမို့စ်က တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ကြောင်း သိရသည်။ ပေါ်တူဂီအသင်းနှင့်ကစားခဲ့သောပွဲတွင် Slovakia အသင်းနောက်တန်းကစားသမား David Hancko နှင့် ကွင်းလယ်ကစားသမား Stanislav Lobotka တို့သည် တစ်ဂိုးစီ ပြန်လည်သွင်းယူပေးနိုင်ခဲ့ သော်လည်း (၃)ဂိုး-(၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုက ၎င်းသည် အနားယူမည့်ကိစ္စနှင့်ပတ်သက်သည့်ဆွေးနွေးပွဲများကို ဘေးဖယ်ထားပြီး လာမည့်နှစ်တွင် Euro ၂ဝ၂၄ ဆုဖလားကို သိမ်းပိုက်ကာ အိမ်ပြန်နိုင်ရန်အတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့သည်။ စီရော်နယ်ဒိုက "ယူရို ၂ဝ၂၄ ပြိုင်ပွဲမှာ ဆက်ရှိနေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ကျွန်တော့်မှာ ပြဿနာ (သို့မဟုတ်) ဒဏ်ရာရရထားတာမျိုးတွေ မရှိတဲ့အတွက် ဝင်ရောက်ကစားဖို့လည်း မျှော်လင့်ပါတယ်။ ပေါ်တူဂီ အသင်းဟာ အမြဲတမ်း ကျွန်တော့်ရဲ့အိမ်ဖြစ်နေမှာပါ" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟောင်ကောင်မှာ ဗြိတိန်နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်လိမ်လည်မှုတွေကြောင့် လူ ၂ဝ ဦး ဖမ်းဆီးခံရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း