ဟောင်ကောင်မှာ ဗြိတိန်နိုင်ငံကူးလက်မှတ်ကိစ္စနဲ့ ပတ်သက်ပြီး အချက်အလက်လိမ်လည်မှုတွေကြောင့် လူ ၂ဝ ဦး ဖမ်းဆီးခံရ
ရောင်နီ (NSS) - အောက်တိုဘာ ၁၄
ဟောင်ကောင်မှာ ဗြိတိန်နိုင်ငံကူးလက်မှတ်တွေကို မြန်မြန်ထုတ်ယူနိုင်ဖို့ စာရွက်စာတမ်းအတုတွေနဲ့ လာဘ်ပေး လာဘ်ယူပြုလျှောက်ထားမှုတွေနဲ့ပတ်သက်ပြီး လူအယောက် ၂ဝ ကို ဖမ်းဆီးလိုက်တယ်လို့ ဟောင်ကောင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအေဂျင်စီက သောကြာနေ့(အောက်တိုဘာ ၁၃ ရက်) မှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ဗြိတိသျှကိုလိုနီဟောင်း သဘောထားကွဲလွဲမှုတွေကို နှိမ်နင်းခဲ့ပြီး အမျိုးသားလုံခြုံရေး ဥပဒေ တစ်ရပ်ပြဌာန်းပြီးနောက် ၂ဝ၂ဝ ပြည့်နှစ်နောက်ပိုင်းမှာ ဟောင်ကောင်မှ လူပေါင်း ၁၄ဝဝဝဝ ကျော်ဟာ ဗြိတိန်သို့ ပြောင်းရွှေ့နေထိုင်လာခဲ့ပါတယ်။ ၎င်းတို့ထဲက အများစုဟာလည်း ဗြိတိန်နိုင်ငံသား (နိုင်ငံခြား) နိုင်ငံကူးလက်မှတ် အစီအစဉ်နဲ့ ဗြိတိန်နိုင်ငံသားဖြစ်ခွင့် ရရှိထားပါတယ်။ အဲဒီလိုနိုင်ငံကူးလက်မှတ်အစီအစဉ်တွေ အမြန်ရရရှိဖို့ အချက်အလက်တွေလိမ်လည်ပြီး လာဘ်စားကာ ပြုလုပ်ခဲ့သူတွေလည်းရှိပါတယ်။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးလွတ်လပ်သောကော်မရှင် (ICAC) ကတော့ အဆိုပါ မှားယွင်းတဲ့စာရွက်စာတမ်း တွေကို ပြုလုပ်ပေးနေတာကတော့ Mandatory Provident Fund (MPF) မှ အာမခံကိုယ်စားလှယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ MPF အစီအစဉ်အေးဂျင့် အဖွဲ့ဝင်တွေဟာ အလုပ်အကိုင် (သို့မဟုတ်) နေထိုင်ခွင့် အထောက်အထား အပါအဝင် မှားယွင်းတဲ့စာရွက်စာတမ်းတွေကို အသုံးပြုပြီး နိုင်ငံကူးလက်မှတ်တွေ လုပ်ပေးနေ တာပါ။ အေးဂျင့်ဟာ လျှောက်ထားသူတစ်ဦးစီမှ ဟောင်ကောင်ဒေါ်လာ သောင်းနဲ့ချီတဲ့ လာဘ်ငွေတွေကို လက်ခံခဲ့ တယ်လို့ ICAC မှ ပြောကြားခဲ့ပါတယ်။ သံသယရှိသူ ၂ဝ မှာ ၁ဝ ဦးဟာ MPF အဖွဲ့ဝင်တွေဖြစ်ပြီး ICAC ဟာ ဖမ်းဆီးခံရသူတွေကို မည်သူတစ်ဦးတစ်ယောက်ကိုမျှ အမည်တွေ ဖော်ထုတ်ခြင်းမပြုခဲ့ပါဘူး။ ဒါပေမယ့် ၎င်းတို့ အားလုံးကို အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။
ဒီအကျိုးဆက်ကြောင့် ဗြိတိန်ထောက်ခံအားပေးရေးအဖွဲ့ Hong Kong Watch ရဲ့အဆိုအရ ဗြိတိန်ကို ပြောင်းရွှေ့လာသူ ထောင်ပေါင်းများစွာဟာ ၎င်းတို့ရဲ့ MPF အကောင့်တွေမှာသိမ်းဆည်းထားတဲ့ စုဆောင်းငွေ ပေါင် ၂.၂ ဘီလျံ (စင်ကာပူဒေါ်လာ ၃.၆၆ ဘီလျံ) ကျော်ထိ အသုံးပြုခွင့် ငြင်းပယ်ခံခဲ့ရတယ်လို့ သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းပြီးနောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း