ရုရှားနိုင်ငံက အီရန်နိုင်ငံကို တိုက်လေယာဉ်များကူညီထောက်ပံပေးဖွယ်ရှိနေဟု အမေရိကန်အစိုးရပြော
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅
ရုရှားနဲ့အီရန်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီးနောက် ရုရှားက အီရန်နိုင်ငံကို တိုက်လေယာဉ်များ ကူညီထောက်ပံ့ပေးဖွယ်ရှိနေကြောင်း အမေရိကန်အစိုးရက ပြောပါတယ်။
အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က အီရန်ဟာ ပြီးခဲ့တဲ့နှစ်နိုဝင် ဘာလက ရုရှားနိုင်ငံထံ အမြောက်များ၊ တင့်ကားများကို သင်္ဘောနဲ့တင်ပို့ပေးခဲ့ကြောင်း ပြောပါတယ်။ အပြန်အလှန်အနေနဲ့ နှစ်နိုင်ငံကြား ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အကန့်သတ်မရှိလုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ၎င်းကပြောပါတယ်။
၎င်းက "ရုရှားဟာ အီရန်နိုင်ငံ နဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ၊ ဒုံးကျည်စနစ်တွေအပါအဝင် ကာကွယ်ရေးပစ္စည်းတွေနဲ့ပတ်သက်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေတယ်။ ရုရှားဟာ အီရန်ကို တိုက်လေယာဉ်တွေလည်း ကူညီထောက်ပံ့ပေးဖွယ်ရှိနေတယ်"လို့ပြောပါတယ်။
အီရန်ဟာ ရုရှားထံကနေ တိုက်လေယာဉ်များ၊ လေကျင့်ရေးသုံးတိုက်လေယာဉ်များ၊ ရေဒါများ ၊ ရဟတ်ယာဉ်များ ဝယ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က ပြောပါတယ်။
အီရန်ဟာ ရုရှားထံကနေ စစ်ဘက်သုံးပစ္စည်းများရယူနိုင်ဖို့အမေရိကန်ဒေါ်လာ ဘီလျံချီ အသုံးပြုဖွယ်ရှိနေကြောင်း အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကီဘိုင်က ပြောပါတယ်။ အမေရိကန်က ရုရှားနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးခြင်းမလုပ်ဖို့ သတိပေးထားပေမယ့် မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့ဟာ ရုရှားနိုင်ငံအပေါ် စစ်လက်နက်ပစ္စည်းများကူညီထောက်ပံ့ပေးနေကြောင်း သတင်းတွေထွက်ပေါ်နေပါတယ်။
အမေရိကန်နဲ့အနောက်အုပ်စုနိုင်ငံတွေဟာ စစ်ပွဲစတင်ခဲ့ပြီးနောက်ပိုင်းကတည်းက ယူကရိန်းနိုင်ငံအပေါ်စစ်လက်နက်ပစ္စည်းအမျိုးအမျိုး ကူညီထောက်ပံ့ပေးခဲ့ပြီး ရုရှားနိုင်ငံအပေါ် တစ်ဖက်သတ်ပိတ်ဆို့မှု အမျိုးမျိုးချမှတ်ခဲ့ကြောင်းသိရပါတယ်။
zawgyi version
႐ုရွားႏိုင္ငံက အီရန္ႏိုင္ငံကို တိုက္ေလယာဥ္မ်ားကူညီေထာက္ပံေပးဖြယ္ရွိေနဟု အေမရိကန္အစိုးရေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅
႐ုရွားနဲ႔အီရန္ႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာခဲ့ၿပီးေနာက္ ႐ုရွားက အီရန္ႏိုင္ငံကို တိုက္ေလယာဥ္မ်ား ကူညီေထာက္ပံ့ေပးဖြယ္ရွိေနေၾကာင္း အေမရိကန္အစိုးရက ေျပာပါတယ္။
အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကီဘိုင္က အီရန္ဟာ ၿပီးခဲ့တဲ့ႏွစ္ႏိုဝင္ ဘာလက ႐ုရွားႏိုင္ငံထံ အေျမာက္မ်ား၊ တင့္ကားမ်ားကို သေဘၤာနဲ႔တင္ပို႔ေပးခဲ့ေၾကာင္း ေျပာပါတယ္။ အျပန္အလွန္အေနနဲ႔ ႏွစ္ႏိုင္ငံၾကား ကာကြယ္ေရးပူးေပါင္းေဆာင္႐ြက္မႈကို အကန႔္သတ္မရွိလုပ္ေဆာင္ဖို႔ စီစဥ္ထားေၾကာင္း ၎ကေျပာပါတယ္။
၎က "႐ုရွားဟာ အီရန္ႏိုင္ငံ နဲ႔ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္ေတြ၊ ဒုံးက်ည္စနစ္ေတြအပါအဝင္ ကာကြယ္ေရးပစၥည္းေတြနဲ႔ပတ္သက္တဲ့ ပူးေပါင္းေဆာင္႐ြက္မႈေတြကို တိုးျမႇင့္လုပ္ေဆာင္လာေနတယ္။ ႐ုရွားဟာ အီရန္ကို တိုက္ေလယာဥ္ေတြလည္း ကူညီေထာက္ပံ့ေပးဖြယ္ရွိေနတယ္"လို႔ေျပာပါတယ္။
အီရန္ဟာ ႐ုရွားထံကေန တိုက္ေလယာဥ္မ်ား၊ ေလက်င့္ေရးသုံးတိုက္ေလယာဥ္မ်ား၊ ေရဒါမ်ား ၊ ရဟတ္ယာဥ္မ်ား ဝယ္ယူဖို႔ ပစ္မွတ္ထားေနေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကီဘိုင္က ေျပာပါတယ္။
အီရန္ဟာ ႐ုရွားထံကေန စစ္ဘက္သုံးပစၥည္းမ်ားရယူႏိုင္ဖို႔အေမရိကန္ေဒၚလာ ဘီလ်ံခ်ီ အသုံးျပဳဖြယ္ရွိေနေၾကာင္း အမ်ိဳးသားလုံၿခဳံေရးေကာင္စီ ေျပာေရးဆိုခြင့္ရွိသူ ဂြၽန္ကီဘိုင္က ေျပာပါတယ္။ အေမရိကန္က ႐ုရွားႏိုင္ငံအေပၚ စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးျခင္းမလုပ္ဖို႔ သတိေပးထားေပမယ့္ ေျမာက္ကိုရီးယားနဲ႔ အီရန္ႏိုင္ငံတို႔ဟာ ႐ုရွားႏိုင္ငံအေပၚ စစ္လက္နက္ပစၥည္းမ်ားကူညီေထာက္ပံ့ေပးေနေၾကာင္း သတင္းေတြထြက္ေပၚေနပါတယ္။
အေမရိကန္နဲ႔အေနာက္အုပ္စုႏိုင္ငံေတြဟာ စစ္ပြဲစတင္ခဲ့ၿပီးေနာက္ပိုင္းကတည္းက ယူကရိန္းႏိုင္ငံအေပၚစစ္လက္နက္ပစၥည္းအမ်ိဳးအမ်ိဳး ကူညီေထာက္ပံ့ေပးခဲ့ၿပီး ႐ုရွားႏိုင္ငံအေပၚ တစ္ဖက္သတ္ပိတ္ဆို႔မႈ အမ်ိဳးမ်ိဳးခ်မွတ္ခဲ့ေၾကာင္းသိရပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဖိလစ်ပိုင်နိုင်ငံတွင် လူကုန်ကူးခံခဲ့ရသော မြန်မာနိုင်ငံသား(၂၁)ဦး နက်မှ ဒုတိယအသုတ်ကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ