ဖိလစ်ပိုင်နိုင်ငံတွင် လူကုန်ကူးခံခဲ့ရသော မြန်မာနိုင်ငံသား(၂၁)ဦး နက်မှ ဒုတိယအသုတ်ကို မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်
ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅
ဖိလစ်ပိုင်နိုင်ငံတွင် လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသားများအား မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ(၂၄)ရက်တွင် အထက်ပါကဲ့သို့ အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
အဆိုပါ မြန်မာနိုင်ငံသားများသည် ဖိလစ်ပိုင်နိုင်ငံရှိ အွန်လိုင်းဂိမ်းလုပ်ငန်းများတွင် အလုပ်လုပ်ရန် စည်းရုံးခံခဲ့ရာမှ လူကုန်ကူးခံခဲ့ရပြီး လုပ်ငန်းခွင်တွင် အဓမ္မခိုင်းစေခံခဲ့ရခြင်းဖြစ်သည်။
ထို့ကြောင့် ဖိလစ်ပိုင်ရဲတပ်ဖွဲ့မှ ကယ်တင်ပေးခဲ့ပြီး လူကုန်ကူးခံခဲ့ရသည့် မြန်မာနိုင်ငံသား(၂၁)ဦးအား ပြန်လည်ပို့ဆောင်နိုင်ရန် မနီလာမြို့၊ မြန်မာသံရုံးမှ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၂၁)ဦးအနက်မှ (၄)ဦးကို ပထမအသုတ်အဖြစ် ဖေဖော်ဝါရီလ(၁၅)ရက်တွင် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။
အလားတူ ဒုတိယအသုတ်အဖြစ် (၁ဝ)ဦးကို မိခင်မြန်မာနိုင်ငံသို့ ပြန်ရန် ယမန်နေ့(ဖေဖော်ဝါရီလ ၂၄ ရက်) တွင် မြန်မာသံရုံးနှင့် မြန်မာစစ်သံရုံးတို့မှ တာဝန်ရှိသူများက မနီလာမြို့၊ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ၎င်းတို့အနက်မှ ကျန်ရှိသည့် မြန်မာနိုင်ငံသား(၇)ဦးကိုလည်း နောက်ဆုံးအသုတ်အဖြစ် ပြန် လည်ပို့ဆောင်နိုင်ရန် မြန်မာသံရုံးမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စီစဥ်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
zawgyi version
ဖိလစ္ပိုင္ႏိုင္ငံတြင္ လူကုန္ကူးခံခဲ့ရေသာ ျမန္မာႏိုင္ငံသား(၂၁)ဦး နက္မွ ဒုတိယအသုတ္ကို မိခင္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅
ဖိလစ္ပိုင္ႏိုင္ငံတြင္ လူကုန္ကူးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသားမ်ားအား မိခင္ႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီလ(၂၄)ရက္တြင္ အထက္ပါကဲ့သို႔ အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
အဆိုပါ ျမန္မာႏိုင္ငံသားမ်ားသည္ ဖိလစ္ပိုင္ႏိုင္ငံရွိ အြန္လိုင္းဂိမ္းလုပ္ငန္းမ်ားတြင္ အလုပ္လုပ္ရန္ စည္း႐ုံးခံခဲ့ရာမွ လူကုန္ကူးခံခဲ့ရၿပီး လုပ္ငန္းခြင္တြင္ အဓမၼခိုင္းေစခံခဲ့ရျခင္းျဖစ္သည္။
ထို႔ေၾကာင့္ ဖိလစ္ပိုင္ရဲတပ္ဖြဲ႕မွ ကယ္တင္ေပးခဲ့ၿပီး လူကုန္ကူးခံခဲ့ရသည့္ ျမန္မာႏိုင္ငံသား(၂၁)ဦးအား ျပန္လည္ပို႔ေဆာင္ႏိုင္ရန္ မနီလာၿမိဳ႕၊ ျမန္မာသံ႐ုံးမွ သက္ဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ (၂၁)ဦးအနက္မွ (၄)ဦးကို ပထမအသုတ္အျဖစ္ ေဖေဖာ္ဝါရီလ(၁၅)ရက္တြင္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ပို႔ေဆာင္ေပးၿပီးျဖစ္ေၾကာင္း သိရသည္။
အလားတူ ဒုတိယအသုတ္အျဖစ္ (၁ဝ)ဦးကို မိခင္ျမန္မာႏိုင္ငံသို႔ ျပန္ရန္ ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၄ ရက္) တြင္ ျမန္မာသံ႐ုံးႏွင့္ ျမန္မာစစ္သံ႐ုံးတို႔မွ တာဝန္ရွိသူမ်ားက မနီလာၿမိဳ႕၊ အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ၎တို႔အနက္မွ က်န္ရွိသည့္ ျမန္မာႏိုင္ငံသား(၇)ဦးကိုလည္း ေနာက္ဆုံးအသုတ္အျဖစ္ ျပန္ လည္ပို႔ေဆာင္ႏိုင္ရန္ ျမန္မာသံ႐ုံးမွ သက္ဆိုင္ရာဌာနဆိုင္ရာမ်ားႏွင့္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ငါန်းဇွန်မြို့နယ်ရှိ သစ်သားဘေလီတံတားအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း