ငါန်းဇွန်မြို့နယ်ရှိ သစ်သားဘေလီတံတားအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီး
Pearl (NP News) - ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် သစ်သားဘေလီတံတား (၁)စင်းအား အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သတင်းရရှိသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်၊ နံနက် (၉)နာရီအချိန်ခန့်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ တောင်ရွာဘိုကျေးရွာနှင့် ညောင်လေးပင်ကျေးရွာအကြား ငါန်းဇွန်-ငါန်းမြာ ကားလမ်းရှိ သမန်းတောချောင်းကူးတံတားတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတားမှာ အလျား (၃ဝ) ပေ၊ အနံ (၁၅)ပေရှိသော သစ်သားဘေလီ တံတားဖြစ်ပြီး အကြမ်းဖက်အဖွဲ့ရောက်ရှိလာကာ မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။
ထိုသို့ ဖျက်ဆီးခံရမှုကြောင့် တံတားမှာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး လူနှင့် ယာဉ်များဖြတ်သန်းသွားလာ၍ မရတော့ကြောင်း သိရသည်။
ပျက်စီးသွားသည့် တံတားအား တာဝန်ရှိသူများက ပြန်လည်ပြင်ဆင်နိုင်ရေးဆောင်နေပြီး ကျူးလွန်ခဲ့သူ များကိုလည်း ဥပဒေနှင့်အညီ အရေးယူနိုင်ရေးရန် ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
zawgyi version
ငါန္းဇြန္ၿမိဳ႕နယ္ရွိ သစ္သားေဘလီတံတားအား အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီး
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၅
မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္တြင္ သစ္သားေဘလီတံတား (၁)စင္းအား အၾကမ္းဖက္သမားမ်ားက မီးရႈိ႕ဖ်က္ဆီးခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သတင္းရရွိသည္။
ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၂၃)ရက္၊ နံနက္ (၉)နာရီအခ်ိန္ခန႔္တြင္ မႏၲေလးတိုင္း၊ ငါန္းဇြန္ၿမိဳ႕နယ္၊ ေတာင္႐ြာဘိုေက်း႐ြာႏွင့္ ေညာင္ေလးပင္ေက်း႐ြာအၾကား ငါန္းဇြန္-ငါန္းျမာ ကားလမ္းရွိ သမန္းေတာေခ်ာင္းကူးတံတားတြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါတံတားမွာ အလ်ား (၃ဝ) ေပ၊ အနံ (၁၅)ေပရွိေသာ သစ္သားေဘလီ တံတားျဖစ္ၿပီး အၾကမ္းဖက္အဖြဲ႕ေရာက္ရွိလာကာ မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕က ဆိုသည္။
ထိုသို႔ ဖ်က္ဆီးခံရမႈေၾကာင့္ တံတားမွာ မီးေလာင္ပ်က္စီးဆုံးရႈံးခဲ့ၿပီး လူႏွင့္ ယာဥ္မ်ားျဖတ္သန္းသြားလာ၍ မရေတာ့ေၾကာင္း သိရသည္။
ပ်က္စီးသြားသည့္ တံတားအား တာဝန္ရွိသူမ်ားက ျပန္လည္ျပင္ဆင္ႏိုင္ေရးေဆာင္ေနၿပီး က်ဴးလြန္ခဲ့သူ မ်ားကိုလည္း ဥပေဒႏွင့္အညီ အေရးယူႏိုင္ေရးရန္ ဆက္လက္ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
OWIC လျှောက်ထားမှုကို ပွဲစားများက အထောက်အထားအတုဖြင့် ဆောင်ရွက်မှုများရှိနေပြီး စိစစ်တွေ့ရှိပါက အလုပ်သမားကိုပါအရေးယူမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း