ပုဂ္ဂလိကဆေးရုံများသည် သဘာဝဘေးများနှင့်ကြုံတွေ့လာပါက လမ်းညွှန်ချက်များနှင့်အညီ လုပ်ဆောင်ရမည်ဟု ဆို
သန့်ဇင် (NSS) - အောက်တိုဘာ ၁၄
သဘာဝဘေးအန္တရာယ်များနှင့်ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ဘေးကင်းလုံခြုံရန်အတွက် ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအနေဖြင့် လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက အသိပေးပြောကြားခဲ့သည်။
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ယမန်နေ့ (အောက်တို့လာလ ၁၃ ရက်) တွင် နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သော ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေးတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ပုဂ္ဂလိုကဆေးရုံလုပ်ငန်းရှင်များအနေဖြင့် သဘာဝဘေားအန္တရာယ်များဖြစ်သည့် မီးဘေး၊ ရေဘေး၊ ငလျင်ဘေးများ ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ဘေးကင်းလုံခြုံရန် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
ထို့ပြင် ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ၏ ဆေးရုံအဆောက်အဦးပိုင်းဆိုင်ရာများ သတ်မှတ်အရည်အသွေးများပြည့်ဝရန်အတွက် နှီးနွယ်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောသည်။
ကျန်းမာရေးဝန်ထမ်းများခန့်အပ်သည့်အခါတွင်လည်း တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီခန့်အပ်သွားရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပုဂ္ဂလိကဆေးရုံလိုင်စင်အသစ် လျောက်ထားခြင်းနှင့် သတ်တမ်းတိုးခြင်းများတွင် လိုအပ်သည့် အထောက်အထားများကို ပြည့်စုံစွာတင်ပြရန်အတွက် အလေးထားလိုက်နာရမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောသည်။
လိုင်စင်စည်းကမ်းလိုက်နာမှုများကို ပျက်ကွက်ခြင်းရှိပါက စံမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိရောက်စွာအရေးယူသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
(၉)လတာအတွင်း အထည်ချုပ်စက်ရုံလုပ်ငန်းမှ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃ဝဝ သန်း ကျော်ရရှိ
RELATED POSTS
24 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
18 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ
18 Oct 2024 | ကျန်းမာရေး,ပြည်တွင်း
03 Oct 2024 | ကျန်းမာရေး,နိုင်ငံတကာ