ပါလက်စတိုင်းတို့ရဲ့ ဂါဇာဒေသကို အစ္စရေးတပ်ဖွဲ့ဝင်တွေ မြေပြင်ထိုးစစ်ဆင်နွှဲ
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၄
အစ္စရေးမြေပြင်တပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ဂါဇာဒေသကို မြေပြင်ထိုးစစ်ဆင်နွှဲမှုတွေ လုပ်ဆောင်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ပါလက်စတိုင်းပိုင်နက်တွေကို မြေပြင်ထိုးစစ်ဆင်နွဲဖို့ မျှော်လင့်ထားတဲ့အချိန်ထက်စောစွာ ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း သိရပါတယ်။ အစ္စရေးစစ်တပ်က "ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကျွန်တော်တို့တပ်ဖွဲ့ တွေဟာ ဂါဇာကမ်းမြောင်ဒေသအတွင်းရှိ စစ်လက်နက်ပစ္စည်းတွေထားရှိတဲ့နေရာတွေနဲ့ ဟားမက်စ်အဖွဲ့တွေကို အလုံးစုံတိုက်ခိုက်ဖို့ စီးနင်းတိုက်ခိုက်ခဲ့တယ်။ အဲဒီလိုမျိုးမြေပြင်ထိုးစစ်ဆင်နွဲချိန်အတွင်းမှာပဲ ပျောက်ဆုံးနေတဲ့သူ တွေကိုလည်း ရှာဖွေတာတွေ လုပ်ဆောင်သွားမယ်" လို့ ပြောပါတယ်။
ဟားမက်စ်နဲ့ အစ္စရေးကြားစစ်ပွဲဟာ အောက်တိုဘာ ၇ ရက်က စတင်ခဲ့ပြီးနောက် အစ္စရေးဟာ ဂါဇာကမ်းမြောင် ဒေသကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကာ လက်ရှိအချိန်မှာ မြေပြင်ထိုးစစ်ဆင်နွှဲဖို့ စတင် လိုက်တာဖြစ်ပါတယ်။ ဟားမက်စ်အဖွဲ့ဟာ အစ္စရေးနိုင်ငံကို တိုက်ခိုက်စီးနင်းချိန်အတွင်း အစ္စရေး နဲ့ နိုင်ငံခြားသား ၁၅ဝ ကျော်ကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် ဂါဇာဒေသမှာ လူပေါင်း ၁၈ဝဝ ကျော် သေဆုံးထားပြီး နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သိရပါတယ်။
အစ္စရေးစစ်တပ်ဟာ အောက်တိုဘာ ၁၃ ရက်က ဂါဇာဒေသရှိ လူပေါင်း ၁ သန်းကျော်ကို နေရပ်စွန့်ခွာဖို့ ကြိုတင် သတိပေးထားကြောင်း သိရပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ ဂါဇာဒေသရှိ လူတွေကို နေရပ်စွန့်ခွာဖို့ သတိပေးချက်အပေါ် ဝေဖန်ပြစ်တင်ခဲ့ကြောင်း သိရပါတယ်။ အစ္စရေးဟာ ဂါဇာ ကမ်းမြောင်ဒေသကို လေကြောင်းက တိုက်ခိုက်မှုနဲ့အတူ ရေဖြတ်၊ မီးဖြတ်၊ အစားအစာ နဲ့ ဆေးဝါးပစ္စည်းများ ဖြတ်တောက်မှုတွေ လုပ်ဆောင်ထားကြောင်း သိရပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းပြီးနောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်း
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ