စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို ဖျက်သိမ်းပြီးနောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်း
Pearl (NSS) - အောက်တိုဘာ ၁၄
စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကို အောက်တိုဘာ (၁၃)ရက်တွင် ဖျက်သိမ်းပြီးနောက် ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ကုန်သွယ်မှု နှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေ ရေးဗဟိုကော်မတီမှ သတင်းထုတ်ပြန်ထားသည်။
အသစ်ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့သည့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ ကို စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဥက္ကဋ္ဌဖြင့် ပါဝင်ပြီး အဖွဲ့ဝင် (၈)ဦး ပါရှိကြောင်း သိရသည်။
ပြည်ပမှ တင်သွင်းသုံးစွဲနေရသည့် စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်းကဏ္ဍကို ပိုမိုထိရောက်စွာ ကိုင်တွယ် ဆောင်ရွက်နိုင်ရန် နှင့် တင်သွင်းလာသည့် စက်သုံးဆီများ အရည်အသွေးပြည့်မှီရေးနှင့် ပြည်သူများ စျေးနှုန်း တည်ငြိမ်စွာဖြင့် ဝယ်သူသုံးစွဲနိုင်ရေးတို့ကို ကြီးကြပ်ကွပ်ကဲရန်အတွက် အဆိုပါကော်မတီအသစ်ကို ပြင်ဆင်ဖွဲ့စည်း ခဲ့ကြောင်း သိရသည်။
အဆိုပါကော်မတီအနေဖြင့် နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်အခများ လျော့နည်းနစ်နာမှု မရှိစေရန် နှင့် စျေးနှုန်းများ စနစ်တကျရှိစေရန် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပြီး ပြည်ပမှ စက်သုံးဆီတင်သွင်းခွင့် လိုင်စင် လျှောက်ထားခြင်း၊ တင်သွင်းခွင့်လိုင်စင်ခွင့်ပြုခြင်း နှင့် တင်သွင်းလာသော စက်သုံးဆီများ သိုလှောင်ခြင်း၊ ရောင်းချ ခြင်း၊ ဖြန့်ဖြူးခြင်းများအား စနစ်တကျရှိစေရေး ကြပ်မက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။
အလားတူ စက်သုံးဆီတင်သွင်းမှု၊ ဖြန့်ဖြူးမှု၊ သိုလှောင်မှု၊ စျေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှု လုပ်ငန်းစဉ် တစ်လျှောက်တွင် စျေးကစားလိုသည့် လုပ်ဆောင်မှုများနှင့် မသမာသောရည်ရွယ်ချက်ဖြင့် ရောနှော ရောင်းချမှုများ ရှိလာပါက အရေးယူနိုင်ရေး Traceability Record ထား၍ ကြီးကြပ်သွားရမည်ဖြစ်ကြောင်း ကုန်သွယ်မှု နှင့် ကုန်စည် စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တနင်္ဿာရီမြို့နယ်၌ “မြတ်မန္တလာထွန်း” ခရီးသည်တင်ကားကို PDF အဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများရှိခဲ့
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း