ဂျိုးဘိုင်ဒန်အနေနဲ့ သမ္မတအဖြစ် ဒုတိယသက်တမ်းကိုထပ်မံတာဝန်ယူဖို့ ဆန္ဒရှိနေကြောင်း သမ္မတကတော် ထုတ်ဖော်ပြောဆို
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅
မေရိကန်သမ္မတကတော်ဖြစ်တဲ့ ဂျေးလ်ဘိုင်ဒန်က သူရဲ့ခင်ပွန်းဖြစ်သူဟာ သမ္မတအဖြစ် ဒုတိယသက်တမ်းကိုထပ်မံတာဝန်ထမ်းဆောင်ဖို့ အဆင့်သင့်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ လာမယ့်ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်မယ်လို့ကာလအတန်ကြာသတင်းများထွက်ပေါ်နေခဲ့ပေမယ့် တရားဝင်သတင်းထုတ်ပြန်ခြင်းမျိုးမရှိကြောင်းသိရပါတယ်။ ဂျိုးဘိုင်ဒန်ရဲ့အသက်အရွယ်ဟာ အရမ်းကြီးလွန်းနေတဲ့အတွက် မေးခွန်းထုတ်စရာ ဖြစ်နေကြောင်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် ဒုတိယသက်တမ်းကို ပြီးဆုံးချိန်အထိ တာဝန်ယူမယ်ဆိုပါက ၎င်းရဲ့အသက်က ၈၆ နှစ်အရွယ်ရှိနေမှာဖြစ်ကြောင်းသိရပါတယ်။ ဒါပေမယ့် ဂျိုးဘိုင်ဒန်ရဲ့ဇနီးဖြစ်သူက " ကျွန်မရဲ့ခင်ပွန်းဖြစ်သူဟာ သူစတင်ခဲ့တဲ့အရာတွေကို အဆုံးမသတ်နိုင်သေးဘူး၊ သူစတင်ခဲ့တဲ့အရာတွေကို အဆုံးသတ်နိုင်ဖို့အရေးကြီးတယ်" လို့ပြောပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့လက်ထောက်တွေကတော့ ဂျိုးဘိုင်ဒန်ဟာ လာမယ့်ရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်ခြင်း ရှိ၊ မရှိဆိုတဲ့အချက်ကို လာမယ့်ဧပြီလမှာ တရားဝင်ကြေညာသွားမှာဖြစ်ကြောင်းဆိုပါတယ်။ ဂျိုးဘိုင်ဒန်ဟာ သမ္မတရွေးကောက်ပွဲကို ထပ်မံယှဉ်ပြိုင်မယ်ဆိုရင် အမေရိကန်သမ္မတဟောင်း ဘားရက်အိုးဘားမားဟာ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးပွဲမှာ ပါဝင်ကူညီသွားဖွယ်ရှိနေကြောင်းသိရပါတယ်။ ဂျေးလ်ဘိုင်ဒန်ဟာ အမေရိကန်သမ္မတရဲ့လှုပ်ရှားမှုတွေမှာအဓိကအရေးပါသူအဖြစ်ပါဝင်နေသူဖြစ်ကြောင်း သိရပါတယ်။
ဂျေးလ်ဘိုင်ဒန်က" ကျွန်မနဲ့ ဂျိုးဘိုင်ဒန်ဟာ တရားဝင်လက်ထပ်ထားသူတွေဖြစ်တဲ့အတွက် သူဟာကျွန်မပြောစကားကိုနားထောင်ရလိမ့်မယ်။ ဂျိုးဘိုင်ဒန်ဟာ သူရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းလည်းလုပ်ဆောင်လို့ရတယ်"လို့ပြောပါတယ်။ ဂျိုးဘိုင်ဒန်ဟာ အမေရိကန်သမ္မတအဖြစ် လာမယ့်ရွေးကောက်ပွဲကို ထပ်မံယှဉ် ပြိုင်ဖို့ ဆုံးဖြတ်ခဲ့ပါက ပြိုင်ဘက်ဟောင်းဖြစ်တဲ့အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်နဲ့ အကြိတ်အ နယ်ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။
zawgyi version
ဂ်ိဳးဘိုင္ဒန္အေနနဲ႔ သမၼတအျဖစ္ ဒုတိယသက္တမ္းကိုထပ္မံတာဝန္ယူဖို႔ ဆႏၵရွိေနေၾကာင္း သမၼတကေတာ္ ထုတ္ေဖာ္ေျပာဆို
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅
ေမရိကန္သမၼတကေတာ္ျဖစ္တဲ့ ေဂ်းလ္ဘိုင္ဒန္က သူရဲ႕ခင္ပြန္းျဖစ္သူဟာ သမၼတအျဖစ္ ဒုတိယသက္တမ္းကိုထပ္မံတာဝန္ထမ္းေဆာင္ဖို႔ အဆင့္သင့္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္ပါတယ္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ဟာ လာမယ့္ေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္မယ္လို႔ကာလအတန္ၾကာသတင္းမ်ားထြက္ေပၚေနခဲ့ေပမယ့္ တရားဝင္သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေၾကာင္းသိရပါတယ္။ ဂ်ိဳးဘိုင္ဒန္ရဲ႕အသက္အ႐ြယ္ဟာ အရမ္းႀကီးလြန္းေနတဲ့အတြက္ ေမးခြန္းထုတ္စရာ ျဖစ္ေနေၾကာင္း ေဝဖန္မႈေတြလည္း ရွိေနပါတယ္။
ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတအျဖစ္ ဒုတိယသက္တမ္းကို ၿပီးဆုံးခ်ိန္အထိ တာဝန္ယူမယ္ဆိုပါက ၎ရဲ႕အသက္က ၈၆ ႏွစ္အ႐ြယ္ရွိေနမွာျဖစ္ေၾကာင္းသိရပါတယ္။ ဒါေပမယ့္ ဂ်ိဳးဘိုင္ဒန္ရဲ႕ဇနီးျဖစ္သူက " ကြၽန္မရဲ႕ခင္ပြန္းျဖစ္သူဟာ သူစတင္ခဲ့တဲ့အရာေတြကို အဆုံးမသတ္ႏိုင္ေသးဘူး၊ သူစတင္ခဲ့တဲ့အရာေတြကို အဆုံးသတ္ႏိုင္ဖို႔အေရးႀကီးတယ္" လို႔ေျပာပါတယ္။
အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္ရဲ႕လက္ေထာက္ေတြကေတာ့ ဂ်ိဳးဘိုင္ဒန္ဟာ လာမယ့္ေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္ျခင္း ရွိ၊ မရွိဆိုတဲ့အခ်က္ကို လာမယ့္ဧၿပီလမွာ တရားဝင္ေၾကညာသြားမွာျဖစ္ေၾကာင္းဆိုပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သမၼတေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ၿပိဳင္မယ္ဆိုရင္ အေမရိကန္သမၼတေဟာင္း ဘားရက္အိုးဘားမားဟာ ေ႐ြးေကာက္ပြဲမဲဆြယ္စည္း႐ုံးပြဲမွာ ပါဝင္ကူညီသြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။ ေဂ်းလ္ဘိုင္ဒန္ဟာ အေမရိကန္သမၼတရဲ႕လႈပ္ရွားမႈေတြမွာအဓိကအေရးပါသူအျဖစ္ပါဝင္ေနသူျဖစ္ေၾကာင္း သိရပါတယ္။
ေဂ်းလ္ဘိုင္ဒန္က" ကြၽန္မနဲ႔ ဂ်ိဳးဘိုင္ဒန္ဟာ တရားဝင္လက္ထပ္ထားသူေတြျဖစ္တဲ့အတြက္ သူဟာကြၽန္မေျပာစကားကိုနားေထာင္ရလိမ့္မယ္။ ဂ်ိဳးဘိုင္ဒန္ဟာ သူရဲ႕ကိုယ္ပိုင္စိတ္ဆႏၵအတိုင္းလည္းလုပ္ေဆာင္လို႔ရတယ္"လို႔ေျပာပါတယ္။ ဂ်ိဳးဘိုင္ဒန္ဟာ အေမရိကန္သမၼတအျဖစ္ လာမယ့္ေ႐ြးေကာက္ပြဲကို ထပ္မံယွဥ္ ၿပိဳင္ဖို႔ ဆုံးျဖတ္ခဲ့ပါက ၿပိဳင္ဘက္ေဟာင္းျဖစ္တဲ့အေမရိကန္သမၼတေဟာင္း ေဒၚနယ္ထရမ့္နဲ႔ အႀကိတ္အ နယ္ယွဥ္ၿပိဳင္ရဖြယ္ရွိေနပါတယ္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လမ်းနှင့်မလွတ်သည့် ဓာတ်အားလိုင်းများကို ရွှေ့ပြောင်းမည်ဖြစ်ရာ ဒဂုံမြို့သစ် အပါအဝင် မြို့နယ်အချို့၌ ယာယီဓာတ်အားပြတ်တောက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ