လမ်းနှင့်မလွတ်သည့် ဓာတ်အားလိုင်းများကို ရွှေ့ပြောင်းမည်ဖြစ်ရာ ဒဂုံမြို့သစ် အပါအဝင် မြို့နယ်အချို့၌ ယာယီဓာတ်အားပြတ်တောက်မည်
စော (NP News) - ဖေဖော်ဝါရီ ၂၅
ရန်ကုန်မြို့ရှိ မြို့နယ်အချို့တွင် ဓာတ်တိုင်အဟောင်းများဖြုတ်သိမ်းခြင်းနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြောင်းရွှေ့မှုပြုလုပ်မည်ဖြစ်ရာ ယာယီလျှပ်စစ်ဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC)က ယနေ့(ဖေဖော်ဝါရီလ ၂၅ ရက်) နံနက်ပိုင်းတွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ ကျန်စစ်သားလမ်းနှင့် မင်းရဲကျော်စွာလမ်းဆုံတွင် ရန်ကုန်မြို့နယ်စည်ပင်သာယာ ရေးကော်မတီမှ လမ်းများတိုးချဲ့လျက်ရှိရာ မလွတ်ကင်းသည့် 66Kv ဓာတ်အားလိုင်းတိုင်(၃)တိုင်ကိုရွှေ့ပြောင်းခဲ့ကြောင်း YESC မှဆိုသည်။
အဆိုပါလမ်းတိုးချဲ့မှုကြောင့် ဓာတ်တိုင်ဟောင်းများဖြုတ်သိမ်းခြင်းနှင့် 11kV ဓာတ်အားလိုင်းရွှေ့ပြောင်းခြင်းကို ဖေဖော်ဝါရီလ (၂၆)ရက်တွင်၊ နံနက်(၁၁)နာရီမှ နေ့လည်(၃)နာရီအထိ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေစဥ်အချိန်အတွင်း ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းနှင့် ရွှေပေါက်ကံမြို့နယ်တို့၏ နေရာအချို့၌ ယာယီဓာတ်အားပြတ်တောက်မည်ဖြစ်ကြောင်း YESCမှ အသိပေးထုတ်ပြန်ထားသည်။
zawgyi version
လမ္းႏွင့္မလြတ္သည့္ ဓာတ္အားလိုင္းမ်ားကို ေ႐ႊ႕ေျပာင္းမည္ျဖစ္ရာ ဒဂုံၿမိဳ႕သစ္ အပါအဝင္ ၿမိဳ႕နယ္အခ်ိဳ႕၌ ယာယီဓာတ္အားျပတ္ေတာက္မည္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၅
ရန္ကုန္ၿမိဳ႕ရွိ ၿမိဳ႕နယ္အခ်ိဳ႕တြင္ ဓာတ္တိုင္အေဟာင္းမ်ားျဖဳတ္သိမ္းျခင္းႏွင့္ လွ်ပ္စစ္ဓာတ္အားလိုင္းမ်ား ေျပာင္းေ႐ႊ႕မႈျပဳလုပ္မည္ျဖစ္ရာ ယာယီလွ်ပ္စစ္ဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း သတင္းရရွိသည္။
ရန္ကုန္လွ်ပ္စစ္ဓာတ္အားေပးေရးေကာ္ပိုေရးရွင္း(YESC)က ယေန႔(ေဖေဖာ္ဝါရီလ ၂၅ ရက္) နံနက္ပိုင္းတြင္ အထက္ပါကဲ့သို႔ ထုတ္ျပန္ထားသည္။
ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္းရွိ က်န္စစ္သားလမ္းႏွင့္ မင္းရဲေက်ာ္စြာလမ္းဆုံတြင္ ရန္ကုန္ၿမိဳ႕နယ္စည္ပင္သာယာ ေရးေကာ္မတီမွ လမ္းမ်ားတိုးခ်ဲ႕လ်က္ရွိရာ မလြတ္ကင္းသည့္ 66Kv ဓာတ္အားလိုင္းတိုင္(၃)တိုင္ကိုေ႐ႊ႕ေျပာင္းခဲ့ေၾကာင္း YESC မွဆိုသည္။
အဆိုပါလမ္းတိုးခ်ဲ႕မႈေၾကာင့္ ဓာတ္တိုင္ေဟာင္းမ်ားျဖဳတ္သိမ္းျခင္းႏွင့္ 11kV ဓာတ္အားလိုင္းေ႐ႊ႕ေျပာင္းျခင္းကို ေဖေဖာ္ဝါရီလ (၂၆)ရက္တြင္၊ နံနက္(၁၁)နာရီမွ ေန႔လည္(၃)နာရီအထိ ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
ထိုသို႔ ေဆာင္႐ြက္ေနစဥ္အခ်ိန္အတြင္း ဒဂုံၿမိဳ႕သစ္အေရွ႕ပိုင္း၊ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းႏွင့္ ေ႐ႊေပါက္ကံၿမိဳ႕နယ္တို႔၏ ေနရာအခ်ိဳ႕၌ ယာယီဓာတ္အားျပတ္ေတာက္မည္ျဖစ္ေၾကာင္း YESCမွ အသိေပးထုတ္ျပန္ထားသည္။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
FATF ရဲ့ black-list စာရင်းမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း