Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
FATF ရဲ့ black-list စာရင်းမှာ မြန်မာနိုင်ငံ ဆက်လက်ပါဝင်နေ

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၅

မြန်မာနိုင်ငံဟာ အကြမ်းဖက်သမားတွေကို ငွေကြေးထောက်ပံ့ပေးမှုနဲ့ ငွေကြေးခဝါချမှု ရှိ၊ မရှိဆိုတာကိုလေ့လာစောင့်ကြည့်တဲ့ FATF ရဲ့ black-list စာရင်းမှာဆက်လက်ပါဝင်လျက်ရှိနေကြောင်းသိရပါတယ်။

FATF အဖွဲ့ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ပြင်သစ်နိုင်ငံမှာ အစည်းအဝေးလုပ်ဆောင်ခဲ့ပြီး အဲဒီအစည်းအဝေးအ တွင်း စင်ကာပူနိုင်ငံသား T Raja Kumar ကဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြောင်းသိရပါတယ်။ အစည်းအဝေးအပြီးသတင်းထုတ်ပြန်ခဲ့ရာမှာ မြန်မာနိုင်ငံဟာ မြောက်ကိုရီးယား၊ အီရန်နိုင်ငံတို့နဲ့အတူ black-list မှာပါဝင်နေခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

FATF အဖွဲ့ဟာ ကမ္ဘာ့နိုင်ငံများကိုလေ့လာစောင့်ကြည့်ပြီး White List၊ Gray List နဲ့ Black List သတ်မှတ်ထားပြီး Gray List နဲ့ Black List စာရင်းမှာပါဝင်တဲ့နိုင်ငံတွေကို လေ့လာစောင့်ကြည်မှုများဆက်လက်လုပ်ဆောင်မှာဖြစ်ကြောင်းသိရပါတယ်။ FATF က"မြန်မာနိုင်ငံဟာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနဲ့ပတ်သက်တဲ့ ချို့ယွင်းချက်တွေကို အပြည့်အဝဖြေရှင်းဆောင်ရွက်ရမှာဖြစ်တယ်။ သတ်မှတ်ထားတဲ့စံနှုန်းများအတိုင်း ကိုက်ညီအောင် အပြည့်အဝအကောင်ထည်ဖော်နိုင်ခြင်းမရှိသေးရင်"Black List" နိုင်ငံများစာရင်းမှာ ဆက်လက်ပါဝင်နေမှာဖြစ်တယ်" လို့ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ FATF ရဲ့ black-list စာရင်းမှာစတင်ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ချက်မှာ ကမ္ဘောဒီးယားနဲ့မော်ရိုကို နိုင်ငံတို့ဟာ Gray List စာရင်းကပယ်ဖျက်ခံခဲ့ရပေမယ့် ယူအေအီး၊ တူရကီ၊ ဂျော်ဒန်၊ တောင်အာဖရိကနဲ့အခြားနိုင်ငံပေါင်း ၂ဝက တော့'Grey List' စာရင်းမှာဆက်လက်ပါဝင်နေပြီး ပိုမိုစောင့်ကြည့်ခံရမှာဖြစ်ကြောင်းသိရပါတယ်။ FATF ရဲ့သတ်မှတ်စံချိန်စံနှုန်း စည်းကမ်းများအတိုင်းအပြည့်အဝလိုက်နာဆောင်ရွက်ခြင်းမရှိတဲ့နိုင်ငံတွေကို Gray List နဲ့ Black List စာရင်းမှာထည့်သွင်းပြီး အနီးကပ်စောင့်ကြည်မှုများ လုပ်ဆောင်လျက်ရှိနေကြောင်းသိရပါတယ်။

FATF ရဲ့ Black List စာရင်းထဲမှာ ပါဝင်တဲ့နိုင်ငံတွေဟာ FATF ရဲ့စည်းကမ်းတွေကို လိုက်နာမှုအားအနည်းဆုံးနိုင်ငံများဖြစ်တယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဟာ FATF ရဲ့ Black List စာရင်းထဲမှာပါဝင်ခဲ့ပြီးနောက်ပိုင်း သတ်မှတ်ထားတဲ့စည်ကမ်းများအတိုင်းလုပ်ဆောင်နိုင်ဖို့ ကြိုးပမ်းလျက်ရှိနေကြောင်းသိရပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီလ ၁ဝ ရက်က နေပြည်တော်မှာ ပြုလုပ်တဲ့ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့အစည်းအဝေးမှာ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရား ဝင်နဲ့ အလွတ်သဘောလမ်းကြောင်း နှစ်ရပ်လုံးဆောင်ရွက်ဖို့ တိုက်တွန်းပြောဆိုခဲ့ဖူးကြောင်းသိရပါတယ်။

ဒါ့ပြင် လူအများအပြားသေကြေစေတဲ့ လက်နက်များ ပြန့်ပွားစေဖို့ ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာတာဝန်ဝတ္တရားများနဲ့ပတ်သက်ပြီး အသိပညာပေးလုပ်ငန်းတိုးမြှင့်ဆောင်ရွက်ဖို့လည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။

zawgyi version

FATF ရဲ႕ black-list စာရင္းမွာ ျမန္မာႏိုင္ငံ ဆက္လက္ပါဝင္ေန

ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၅

ျမန္မာႏိုင္ငံဟာ အၾကမ္းဖက္သမားေတြကို ေငြေၾကးေထာက္ပံ့ေပးမႈနဲ႔ ေငြေၾကးခဝါခ်မႈ ရွိ၊ မရွိဆိုတာကိုေလ့လာေစာင့္ၾကည့္တဲ့ FATF ရဲ႕ black-list စာရင္းမွာဆက္လက္ပါဝင္လ်က္ရွိေနေၾကာင္းသိရပါတယ္။

FATF အဖြဲ႕ဟာ ၿပီးခဲ့တဲ့ရက္ပိုင္းက ျပင္သစ္ႏိုင္ငံမွာ အစည္းအေဝးလုပ္ေဆာင္ခဲ့ၿပီး အဲဒီအစည္းအေဝးအ တြင္း စင္ကာပူႏိုင္ငံသား T Raja Kumar ကဥကၠ႒အျဖစ္ တာဝန္ယူခဲ့ေၾကာင္းသိရပါတယ္။ အစည္းအေဝးအၿပီးသတင္းထုတ္ျပန္ခဲ့ရာမွာ ျမန္မာႏိုင္ငံဟာ ေျမာက္ကိုရီးယား၊ အီရန္ႏိုင္ငံတို႔နဲ႔အတူ black-list မွာပါဝင္ေနခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

FATF အဖြဲ႕ဟာ ကမာၻ႔ႏိုင္ငံမ်ားကိုေလ့လာေစာင့္ၾကည့္ၿပီး White List၊ Gray List နဲ႔ Black List သတ္မွတ္ထားၿပီး Gray List နဲ႔ Black List စာရင္းမွာပါဝင္တဲ့ႏိုင္ငံေတြကို ေလ့လာေစာင့္ၾကည္မႈမ်ားဆက္လက္လုပ္ေဆာင္မွာျဖစ္ေၾကာင္းသိရပါတယ္။ FATF က"ျမန္မာႏိုင္ငံဟာ ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးနဲ႔ပတ္သက္တဲ့ ခ်ိဳ႕ယြင္းခ်က္ေတြကို အျပည့္အဝေျဖရွင္းေဆာင္႐ြက္ရမွာျဖစ္တယ္။ သတ္မွတ္ထားတဲ့စံႏႈန္းမ်ားအတိုင္း ကိုက္ညီေအာင္ အျပည့္အဝအေကာင္ထည္ေဖာ္ႏိုင္ျခင္းမရွိေသးရင္"Black List" ႏိုင္ငံမ်ားစာရင္းမွာ ဆက္လက္ပါဝင္ေနမွာျဖစ္တယ္" လို႔ဆိုပါတယ္။

ျမန္မာႏိုင္ငံဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလမွာ FATF ရဲ႕ black-list စာရင္းမွာစတင္ပါဝင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။ ၿပီးခဲ့တဲ့ရက္ပိုင္းက ထုတ္ျပန္ခ်က္မွာ ကေမာၻဒီးယားနဲ႔ေမာ္႐ိုကို ႏိုင္ငံတို႔ဟာ Gray List စာရင္းကပယ္ဖ်က္ခံခဲ့ရေပမယ့္ ယူေအအီး၊ တူရကီ၊ ေဂ်ာ္ဒန္၊ ေတာင္အာဖရိကနဲ႔အျခားႏိုင္ငံေပါင္း ၂ဝက ေတာ့'Grey List' စာရင္းမွာဆက္လက္ပါဝင္ေနၿပီး ပိုမိုေစာင့္ၾကည့္ခံရမွာျဖစ္ေၾကာင္းသိရပါတယ္။ FATF ရဲ႕သတ္မွတ္စံခ်ိန္စံႏႈန္း စည္းကမ္းမ်ားအတိုင္းအျပည့္အဝလိုက္နာေဆာင္႐ြက္ျခင္းမရွိတဲ့ႏိုင္ငံေတြကို Gray List နဲ႔ Black List စာရင္းမွာထည့္သြင္းၿပီး အနီးကပ္ေစာင့္ၾကည္မႈမ်ား လုပ္ေဆာင္လ်က္ရွိေနေၾကာင္းသိရပါတယ္။

FATF ရဲ႕ Black List စာရင္းထဲမွာ ပါဝင္တဲ့ႏိုင္ငံေတြဟာ FATF ရဲ႕စည္းကမ္းေတြကို လိုက္နာမႈအားအနည္းဆုံးႏိုင္ငံမ်ားျဖစ္တယ္လို႔ ဆိုပါတယ္။ ျမန္မာႏိုင္ငံဟာ FATF ရဲ႕ Black List စာရင္းထဲမွာပါဝင္ခဲ့ၿပီးေနာက္ပိုင္း သတ္မွတ္ထားတဲ့စည္ကမ္းမ်ားအတိုင္းလုပ္ေဆာင္ႏိုင္ဖို႔ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္းသိရပါတယ္။

ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဥကၠ႒ ေဒၚသန္းသန္းေဆြက ဇန္နဝါရီလ ၁ဝ ရက္က ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့ ေငြေၾကးခဝါခ်မႈနဲ႔ အၾကမ္းဖက္မႈကို ေငြေၾကးေထာက္ပံ့မႈတိုက္ဖ်က္ေရးလုပ္ငန္းအဖြဲ႕အစည္းအေဝးမွာ ႏိုင္ငံျဖတ္ေက်ာ္ေငြေၾကးခဝါခ်မႈမ်ားကို စုံစမ္းစစ္ေဆးရာမွာ ႏိုင္ငံတကာပူးေပါင္းေဆာင္႐ြက္မႈကို တရား ဝင္နဲ႔ အလြတ္သေဘာလမ္းေၾကာင္း ႏွစ္ရပ္လုံးေဆာင္႐ြက္ဖို႔ တိုက္တြန္းေျပာဆိုခဲ့ဖူးေၾကာင္းသိရပါတယ္။

ဒါ့ျပင္ လူအမ်ားအျပားေသေၾကေစတဲ့ လက္နက္မ်ား ျပန႔္ပြားေစဖို႔ ေငြေၾကးေထာက္ပံ့မႈအေပၚ ဘ႑ာေရးအရ ပစ္မွတ္ထားအေရးယူမႈဆိုင္ရာတာဝန္ဝတၱရားမ်ားနဲ႔ပတ္သက္ၿပီး အသိပညာေပးလုပ္ငန္းတိုးျမႇင့္ေဆာင္႐ြက္ဖို႔လည္း ၎က ထည့္သြင္းေျပာဆိုခဲ့ေၾကာင္း သိရပါတယ္။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

သာသနာ့တက္ကသိုလ်များမှ ဂုဏ်ထူးဆောင်ဓမ္မပါရဂူဘွဲ့ရ အပါအဝင် သံဃာအပါး (၃ဝဝဝ)ကျော် ပေါ်ထွန်းခဲ့ပြီး နယ်စပ်ဒေသများ၌ သာသနာပြုလျက်ရှိ

RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved