တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ကြိုးပမ်းနေကြောင်း ထိုင်ဝမ်သမ္မတပြော
Pika (NSS) - အောက်တိုဘာ ၁၁
ထိုင်ဝမ်သည် တရုတ်နိုင်ငံနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကို လိုလားပြီး နှစ်ဖက်လုံးမှ လူများကြားတွင် လွတ်လပ်သော အပြန်အလှန်ဆက်ဆံရေးများ ရရှိစေနိုင်ရန် ကြိုးပမ်းနေကြောင်း ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်က အောက်တိုဘာလ(၁ဝ)ရက်နေ့တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ထိုင်ဝမ်သည် ပြီးခဲ့သည့်နှစ် ဩဂုတ်လတည်းက တရုတ်၏ စစ်ရေးနှင့်နိုင်ငံရေးအရ ဖိအားပေးမှုများကို ခံခဲ့ရသည်။ ထို့အပြင် တရုတ်သည် ပြီးခဲ့သည့်နှစ်မှစတင်ပြီး ထိုင်ဝမ်ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို မကြာခဏ လုပ်ဆောင်ခဲ့သည်။
ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်သည် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ရန် အကြိမ်ကြိမ်ကမ်းလှမ်းခဲ့သော် လည်း ဆိုင်အမ်ဝမ်ကို ခွဲထွက်ရေးသမားအဖြစ်သတ်မှတ်ထားသော တရုတ်အစိုးရဖက်က ငြင်းဆန်ပယ်ချခဲ့ကြောင်း လည်း သိရသည်။ ထို့အပြင် ထိုင်ဝမ်အတွက် နိုင်ငံတကာမှ ထောက်ခံအားပေးမှုများသည် မကြုံစဖူး အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း သမ္မတဆိုင်အမ်ဝမ်က ပြောကြားခဲ့သည်။
၎င်းက "ကျွန်မတို့ဟာ တရုတ်နိုင်ငံနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ စိတ်အေးအေးထားဖို့ လိုအပ်ပါတယ်။ ထိုင်ဝမ် ရေလက်ကြားတစ်လျှောက်မှာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ဖို့နဲ့ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်မှုတွေရှိလာဖို့အတွက် ကောင်းမွန်တဲ့အခြေအနေတွေ ဖန်တီးဖို့လိုအပ်ပါတယ်" ဟု ပြောခဲ့သည်။
ထိုင်ဝမ်၏အချုပ်အခြာအာဏာ၊လွတ်လပ်သော နေထိုင်မှုဘဝပုံစံကို ကာကွယ်ရန် နှင့် ထိုင်ဝမ်နှင့် တရုတ်ပြည်သူ များကြား လွတ်လပ်သော အပြန်အလှန်ဆက်ဆံရေးများ ရရှိအောင် လုပ်ဆောင်ရန်မှာ ၎င်း၏ တာဝန်သာဖြစ် ကြောင်း ထိုင်ဝမ်သမ္မတဆိုင်အမ်ဝမ်က ပြောကြားခဲ့သည်။ ထိုင်ဝမ်သည် တရုတ်တစ်ပြည်တည်းမူဝါဒကို လိုက်နာရ မည်ဖြစ်ကြောင်း တရုတ်အစိုးရက ပြောဆိုခဲ့သော်လည်း အဆိုပါပြောဆိုချက်ကို ဆိုင်အမ်ဝမ်က ငြင်းဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အိန္ဒိယအစိုးရဟာ ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို လျှော့ချသွားနိုင် ဖွယ်ရှိနေကြောင်း Goldman Sachs ကုမ္ပဏီပြော
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ