အိန္ဒိယအစိုးရဟာ ဘတ်ဂျက်လိုငွေပြမှုကို ဖြေရှင်းနိုင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို လျှော့ချသွားနိုင် ဖွယ်ရှိနေကြောင်း Goldman Sachs ကုမ္ပဏီပြော
Pika (NSS) - အောက်တိုဘာ ၁၁
အိန္ဒိယအစိုးရသည် ၎င်း၏ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်ကြိုးပမ်းမှုအဖြစ် လာမည့်နှစ်များအတွင်း ရင်းနှီးမြှုပ်နှံမှုအသုံးစရိတ်ကို ဖြတ်တောက်သွားနိုင်ဖွယ်ရှိနေကြောင်း Goldman Sachs ကုမ္ပဏီက ခန့်မှန်းပြောခဲ့ သည်။
ရင်းနှီးမြှုပ်နှံမှုသည် အိန္ဒိယစီးပွားရေးအတွက် အဓိကအချက်အချက်ကျသည့် ကဏ္ဍတစ်ခုဖြစ်ပြီး ၂ဝဝ၄ ခုနှစ်မှ ၂ဝ၁၂ ခုနှစ်အတွင်း ပြည်တွင်း အသားတင်ထုတ်လုပ်မှု(GDP) နှစ်စဉ်တိုးတက်မှု(၇)ရာခိုင်နှုန်းမှ (၃)ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ကြောင်း Goldman Sachs ကုမ္ပဏီက ပြောခဲ့သည်။
အိန္ဒိယအစိုးရသည် ၂ဝ၂၄ ခုနှစ် မတ်လအထိ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှပ်နှံမှုအတွက် ရူပီး(၁ဝ)ထရီလီယံ ဖယ်ထားခဲ့သော်လည်း ၎င်း၏ ဘတ်ဂျက်လိုငွေပြမှုကို လျှော့ချရန်ကြိုးပမ်းမှုအဖြစ် ယခုနှစ် GDP (၅ ဒသမ ၉) ရာခိုင်နှုန်းကို ၂ဝ၂၅-၂ဝ၂၆ ခုနှစ်တွင် (၄ ဒသမ ၅) ရာခိုင်နှုန်းသို့ လျှော့ချရန် ကတိပြုခဲ့ကြောင်း သိရသည်။ အိန္ဒိယရှိ အိမ်ထောင်စုများနှင့် ကုမ္ပဏီများ၏ ဝယ်လိုအားများသည် ကိုဗစ်(၁၉)ကပ်ရောဂါဖြစ်ပွားပြီးနောက် ပိုမို အားကောင်းလာခဲ့ပြီး credit card သုံးစွဲမှုမှာ အမြင့်ဆုံးသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။
အိန္ဒိယတွင် ပြည်တွင်းဝယ်လိုအားတိုးမြင့်လာခြင်း နှင့် ထောက်ပံ့ရေးကွင်းဆက် ပိတ်ဆို့မှုများကို ဖြေလျှော့မှုတို့ ကြောင့် လာမည့်နှစ်များအတွင်း ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးလာနိုင်ဖွယ်ရှိနေကြောင်း Goldman Sachs မှ စီးပွားရေးပညာရှင်များက ခန့်မှန်းပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၁ဝ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | စီးပွားရေး,ပြည်တွင်း
21 Nov 2024 | စီးပွားရေး,ပြည်တွင်း