ကစားသမားဘဝသက်တမ်းတစ်လျှောက် တွဲကစားခဲ့ဖူးသော အကောင်းဆုံးကစားသမားကို မန်စီးတီးနည်းပြ ထုတ်ဖော်ပြော
Pika (NSS) - အောက်တိုဘာ ၁ဝ
မန်စီးတီးနည်းပြဂွါဒီယိုလာသည် ၎င်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝအတွင်း အတူကစားခဲ့ဖူးသော အကောင်းဆုံးကစားသမား၏ အမည်ကို ထုတ်ဖော်ပြောကြားခဲ့ကြောင်း သိရသည်။
မန်စီးတီးနည်းပြဂွါဒီယိုလာက ၎င်း၏ (၁၆)နှစ်တာကာလအတွင်း ကစားခဲ့သော ပရော်ဖက်နယ်ကစားသမားဘဝ အတွင်း အတူကစားခဲ့ဖူးသော အရည်အချင်းအရှိဆုံး ဘောလုံးသမားမှာ အီတလီဘောလုံးအသင်း ဂန္တဝင် ကစားသမားဖြစ်သလို ဂျူဗင်တပ်အသင်း ကြယ်ပွင့်ကစားသမားဟောင်းဖြစ်သော ရော်ဘတ်တိုဘက်ဂီရို ဖြစ် ကြောင်း ထုတ်ဖော်ပြောခဲ့သည်။
ဂွါဒီယိုလာသည် ၂ဝဝ၁ ခုနှစ်တွင် ဘာစီလိုနာအသင်းမှ ထွက်ခွာခဲ့ပြီးနောက် စီးရီးအေကလပ်ဘရက်စီယာသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။ ဂွါဒီယိုလာသည် ဘရက်စီယာအသင်းတွင် ရော်ဘတ်တိုဘက်ဂီရိုနှင့် အတူတွဲကာ ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဂွါဒီယိုလာက "ကျွန်တော်နဲ့တွဲကစားဖူးတဲ့ အကောင်းဆုံးကစားသမားကတော့ ရော်ဘတ်တိုဘက်ဂီရို ပဲ ဖြစ်ပါ တယ်" ဟု ပြောခဲ့သည်။
ကစားသမားဘဝသက်တမ်းတစ်လျှောက် တွဲကစားခဲ့ဖူးသော အကောင်းဆုံးကစားသမားမှာ မည်သူလဲဟု မေးမြန်းခံရချိန်တွင် ဂွါဒီယိုလာက ယခုကဲ့သို့ထုတ်ဖော်ပြောခဲ့ခြင်းဖြစ်သည်။
ဂွါဒီယိုလာက "ဘောလုံးသမားဖြစ်လိုတဲ့ကျောင်းသားတွေကို ပြောချင်တာတွေရှိပါတယ်။ အိမ်မှာပဲနေပြီးတော့ အင်စတာဂရမ်နဲ့ တွစ်တာတို့ကို အသုံးပြုနေရုံရဲ့ ပင်ကိုယ်ပါရမီတွေဖွံ့ဖြိုးတိုးတက်လာမှာ မဟုတ်ပါဘူး။ ဒါက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အမှားတွေ လုပ်ရင်းလုပ်ရင်းနဲ့ပဲ ပါရမီတွေက ဖွံ့ဖြိုးတိုးတက်လာမှာပါ။ ဘောလုံး ကစားရတာကြိုက်တယ်ဆိုရင်တော့ အချိန်ပေးပြီး အများကြီးကစားဖို့ လိုပါတယ်" ဟု ပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တရုတ်နိုင်ငံနှင့် ထိုင်ဝမ်ကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ကြိုးပမ်းနေကြောင်း ထိုင်ဝမ်သမ္မတပြော
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း