မင်းလှမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးကို PDF အဖွဲ့က ခြိမ်းခြောက်မှုပြုလုပ်
Pearl (NSS) - အောက်တိုဘာ ၈
ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမတစ်ဦးကို PDF အဖွဲ့က စာထုတ်ပြန်ကာ ခြိမ်းခြောက်ထားသည်။
အဆိုပါခြိမ်းခြောက်စာကို မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDF အဖွဲ့)က ယနေ့ (အောက်တိုဘာလ ၈ ရက်)တွင် အထက်ပါကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
ခြိမ်းခြောက်စာ၌ မင်းလှမြို့နယ်၊ သရော(အမ်)ကျေးရွာတွင် နေထိုင်သည့် ဆရာမဒေါ်နုနုလှိုင် (အ.ထ.က မင်းလှ)သည် မြို့နယ်အတွင်းမှ CDM ပညာ ရေးဝန်ထမ်းများအား စစ်တပ်ထံသတင်းပေးခြင်း၊ ဖိအားပေး၍ Non CDM လုပ်ခိုင်းခြင်း ၊ ကျောင်းသား၊ ကျောင်းသူများအား PDF/NUG သည်အကြမ်း ဖက်သမားများဟု ဝါဒဖြန့်ပြောဆိုမှုများ ပြုလုပ်နေသည်ဟု စွပ်စွဲထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
ဒေါ်နုနုလှိုင်အနေဖြင့် ယင်းကဲ့သို့ဆက်လက်လုပ်ဆောင်နေပါက ထိရောက်စွာ အရေးယူသွားမည်ဟု မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့( PDF အဖွဲ့)က ခြိမ်းခြောက်ထားသည်။
ယမန်နေ့ (အောက်တိုဘာလ ၇ ရက်)တွင် ဆရာမဒေါ်နုနုလှိုင်သည် သရော (အမ်)ကျေးရွာမှတဆင့် မြို့ပေါ်သို့ အလုပ်ကိစ္စဖြင့်သွားစဉ် ဆိုင်ကယ်တစ်စီးဖြင့် မသင်္ကာဖွယ်ရှိသောတစ်ဦးက နောက်ယောင်ခံလိုက်နေမှုများရှိကြောင်း ၎င်းက NSS ကိုပြောသည်။
"စိတ်တော့ပူပါတယ်ရှင့်။ ဒီစာမတင်ခင် မနေ့ကတည်းက သတိထားလိုက်မိတာပါ။ ကျွန်မ မနေ့တုန်းက အလုပ်ကိစ္စနဲ့သွားတော့ ကျွန်မတို့ ရွာအထွက်မှာကတည်းက မသင်္ကာစရာ လူစိမ်းတစ်ယောက်က ကျွန်မဆိုင်ကယ်နောက်ကနေ မောင်းလိုက်လာပြီးတော့ ရှေ့ကနေ တတ်သွားလိုက် အဲဒီလိုမျိုးလုပ်နေတာ။ ပြီးတော့ ဆိုင်ကယ်ကနေ တစ်ခုခုကို ထုတ်လိုက်လုပ်နေတာ မြင်နေရပါတယ်။ ဆာလာအိတ်အဖြူနဲ့ ပတ်ထားထာပါ။ ကျွန်မက အဲဒီမှာ သတိစထားမိတာပါ"ဟု ဆရာမ ဒေါ်နုနုလှိုင်က ပြောသည်။
လက်ရှိတွင် သူမအနေဖြင့် လုံခြုံမှုမရှိကြောင်း နှင့် လွတ်လပ်စွာသွားလာနေ ထိုင်ရဲခြင်း မရှိကြောင်းကို ဆရာမဒေါ်နုနုလှိုင်က ဆက်လက်ပြောသည်။
လက်ရှိ နစကလက်ထက်၊ (၂)နှစ်ခွဲကာလအတွင်း ဆရာ/ဆရာမ ဦးရေ (၆၈)ဦးထက်မနည်း အကြမ်းဖက်သတ်ဖြတ်ခံခဲ့ရသည့်အပြင် ခြိမ်းခြောက်ခံရမှုသည်လည်း အများအပြားရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် လက်ရှိ နစကလက်ထပ်၌ အခြေခံပညာကျောင်းများအပါအဝင် ပညာရေးအဆောက်အဦးများမီးရှို့ဖျက်ဆီးခံရမှုသည် (၁၂၀)ကျော်ရှိခဲ့ပြီး ဗုံးခွဲ တိုက်ခိုက်ခံရမှုသည် အကြိမ်ပေါင်း (၅၃၀)ကျော်ရှိခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AI နည်းပညာက လူသားများ၏ အလုပ်လုပ်ချိန်ကို လျော့နည်းစေမည်ဖြစ်ကြောင်း JPMorgan ကုမ္ပဏီစီအီးအိုပြော
RELATED POSTS
20 Nov 2024 | ပညာရေး,ပြည်တွင်း
11 Nov 2024 | ပညာရေး,ပြည်တွင်း
13 Sep 2024 | ပညာရေး,ပြည်တွင်း
07 Sep 2024 | ပညာရေး,ပြည်တွင်း