Static Template
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အခေါက်ရွှေဈေး တစ်ကျပ်သား -
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
  • အမေရိကန်(၁)ဒေါ်လာ -
  • ရွှေဈေး တစ်ကျပ်သား သိန်း ၃၀
  • သတင်းဆောင်းပါးများတင်ဆက်ပေးနေသော NSS မှ ကြိုဆိုပါသည်။
National Database တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ဒုတပ်ချုပ်ပြော

မျိုးကြီး (NSS) - အောက်တိုဘာ ၇

National Database တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း နစကဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ပြောသည်။


၎င်းက ယမန်နေ့(အောက်တိုဘာလ ၆ ရက်)တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၌ ပြုလုပ်သော National Database စနစ်တည်ဆောက်ရေးဦးဆောင်ကော်မတီအစည်းအဝေးတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် e-ID စနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် လိုအပ်သည့် အချက်အလက်များကို တစ်နေရာတည်း၌ ရရှိနိုင်ကြောင်း သိရသည်။

အဆိုပါ e-ID စနစ်ဖြင့် ကောက်ယူထားရှိသည့် Data များသည် လူပုဂ္ဂိုလ်ဆိုင်ရာအချက်အလက်များ ဖြစ်သည့်အပြင် နိုင်ငံတော်အတွက် အရေးကြီးသည့် National Database ဖြစ်၍ ၎င်းတို့ကို လုံခြုံစွာ ထိန်းသိမ်းရန်အရေးကြီးကြောင်း ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက သတိပေးထားသည်။

National Database သည် လူတစ်ဦးချင်းစီ၏ ဝန်ဆောင်မှုကို ပေးနိုင်ရန်အတွက် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို e-ID စနစ်ထဲတွင် ထည့်သွင်းပြီး သက်ဆိုင်ရာဝန်ကြီးဌာနများက ၎င်း e-ID စနစ်ထဲတွင်ရှိသည့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များမှ ချိတ်ဆက်ပြီး ဝန်ဆောင်မှုပေးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် e-ID စနစ်လုပ်ငန်းကော်မတီသည် စီမံချက်များချမှတ်ကာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသည့်အတွက် National Database အဖြစ် တည်ဆောက်ပြီးစီးပါက နိုင်ငံသားများ၏ လူမှုဘဝလုံခြုံမှုကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဟု ဒုတပ်ချုပ်က ပြောသည်။

ထို့ပြင် e-ID တွင် ပါဝင်သည့် National Database နှင့် ဝန်ကြီးဌာနထဲ၌ ပြုစုထိန်းသိမ်းထားသည့် Database များသည် ပြည်သူများအပေါ် ချပြ၍ရသည့် Database များရှိသကဲ့သို့ နိုင်ငံတော်နှင့် ဝန်ကြီးဌာနအတွက် လုံခြုံရေးအရ ထုတ်ဖော်ချပြ၍မရသည့် Database များလည်းရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။

ထို့ကြောင့် Cyber Security ဆိုင်ရာ လုံခြုံမှုစနစ်များကို အဆင့်လိုက်ထားရှိကာ ကွန်ရက်လုံခြုံမှုစောင့်ကြည့်စနစ်များ ထားရှိရန်နှင့် မြန်မာနိုင်ငံကွန်ပျူတာအရေးပေါ် ကွန်ရက်တုံ့ပြန်မှုစနစ်များကိုပါ အင်အားဖြည့်တင်းရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။

e-ID စနစ်သည် နိုင်ငံအတွင်း၌ တရားဝင်မှီတင်နေထိုင်သူအားလုံး၏ ကိုယ်ရေးအချက်အလက်များကို ခေတ်မီနည်းပညာ ကွန်ပျူတာစနစ်ဖြင့် အစိုးရ၏ Database ထဲတွင် သိမ်းဆည်းထားခြင်းဖြစ်ပြီး လိုအပ်ပါက လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များကို ပြန်လည်ရှာဖွေနိုင်ကြောင်း သိရသည်။

လက်ရှိတွင် e-ID စနစ်ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက တာဝန်ခံဝန်ကြီးဌာနအနေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Comments :

0 comments

PREVIOUS

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား

Next

ဘန်ကောက်ပစ်ခတ်မှုတွင် သေဆုံး ဒဏ်ရာရသူများကို ထိုင်းအစိုးရနှင့် ရှောပင်းမောပိုင်ရှင်တို့က ဘတ်သန်းချီကူညီပေးမည်

RELATED POSTS
RECENT POSTS
NUG ၏ တရားမဝင် ဆေးတက္ကသိုလ်မှ လက်မှတ်အတုများဖြင့် ထိုင်းတက္က သိုလ်တွင် တက်ရောက်ရန်ကြိုးပမ်းခဲ့သူများ ငြင်းပယ်ခံခဲ့ရပြီး ကြိုုးပမ်းမှုတွင် ပါဝင်သူများကို နစက ဖမ်းဆီး
22 Nov 2024
ဆန်(၂၅)တန်နှင့် စပါးတင်း (၂၅ဝဝ)အထက် သိုလှောင်ရုံများ မှတ်ပုံတင်ရန်ထပ်မံ အသိပေး
22 Nov 2024
၂၀၂၄-၂၀၂၅ ပရီးမီးယားလိဂ် ပွဲစဉ်(၁၂) ပွဲကြိုသုံးသပ်ချက်များ
22 Nov 2024
လေးနှစ်ဝန်းကျင်ရပ်နားထားသည့် ရေကျော်ပွဲဈေး ယနေ့ ပြန်လည်ကျင်းပမည်
22 Nov 2024
ရွှေညောင်မြို့တွင် ရပ်ထားသောတွဲကားကို Hijet ကားက အရှိန်လွန်ဝင်တိုက်မိရာ ယာဉ်မောင်း ပွဲချင်းပြီးသေဆုံး
22 Nov 2024
စွမ်းအင်လိုအပ်ချက်မြင့်မားသော်လည်း ပြည်ပစွမ်းအင်များအပေါ် ဖြန့် ကြက်မှီခိုတတ်သော တရုတ်၏မူဝါဒ (ဘာသာပြန်ဆောင်းပါး)
22 Nov 2024
(၅၆၅)မီတာမြင့်တဲ့ တရုတ်နိုင်ငံက ကမ္ဘာ့အမြင့်ဆုံးတံတား
22 Nov 2024
ကေတုမတီမြို့ဟောင်းနှင့် ဟံသာဝတီမြို့ဟောင်းတို့ကို ခရီးသွားများ လေ့လာနိုင်ရန် တူးဖော်သုတေသနပြုနေ
22 Nov 2024
နိုင်ငံ့ဝန်ထမ်းများ လုပ်ငန်းခွင်ပျော်ရွှင်ရေး (ဆောင်းပါး)
22 Nov 2024
"နံရံမှာ တိပ်နဲ့ကပ်ထားတဲ့ ငှက်ပျောသီး" အနုပညာ လက်ရာ လေလံပွဲမှာ ဒေါ်လာ(၆.၂)သန်းနဲ့ ရောင်းထွက်
22 Nov 2024
နှစ် (၅၀) လုပ်ခွင့်ရမည့် တောင်သမန်အပန်းဖြေစခန်း စီမံကိန်းအစိတ်အ ပိုင်းပေါင်း (၁၀ဝ) ကျော်ပါမည်
22 Nov 2024
လာအိုမှာ ညစ်ညမ်းအရက်ကြောင့် သြစတြေးလျဆယ်ကျော်သက်တစ်ဦး သေဆုံး
22 Nov 2024
မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါးများ တင်ပို့ရောင်းချနေသည့် မူးယစ်ဂိုဏ်းအဖွဲ့ဝင်(၂၁)ဦးကို ငွေကျပ် (၂၇)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိ
21 Nov 2024
ဖလမ်းမြို့ဘုရားကုန်းအနီးရှိ တပ်မတော်အ‌မြှောက်တပ်ကို ချင်းလက်နက်ကိုင်များက သာလွန်အင်အားဖြင့်လာတိုက်
21 Nov 2024
ပြိုင်ဘက် တရုတ် - အိန္ဒိယအကြား ကွာခြားရခြင်း၏ မမြင်ရသည့် အဓိကအချက်က ဘာဖြစ်မလဲ..??
21 Nov 2024
ဖားကန့်ကျောက်တူးရာသီ (၇)လအတွင်း လောင်စာဆီမျိုးစုံအပေါ် အခွန်နှစ်မျိုး ကောက်ခံမှုတစ်ခုတည်းမှပင်လျှင် ကျပ်သိန်းပေါင်း(၁၀)သိန်းထက်မနည်း KIA တို့ ရရှိနေ
21 Nov 2024
မက္ကဆီကိုမှာကျင်းပတဲ့ ဇွန်းပေါ်ကြက်ဥတင်အပြေးပြိုင်ပွဲ ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်ချိုးဖျက်
21 Nov 2024
(၂၀၂၄) အလွန် AI ၏ အသုံးဝင်ဆုံး လက်တွေ့ စစ်ရေးအသုံးချမှုများ (အပိုင်း-၂)
21 Nov 2024
လူပေါင်း(၁)သောင်းကျော် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသားအားကစားပွဲတော်မှတစ်ဆင့် မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ရန်မျှော်မှန်း
21 Nov 2024
ကျိုက်လတ်မြို့နယ်အနီးသို့ ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ငလျင်အရှိန်ကြောင့် ကော့မှူးမြို့နယ်အတွင်းရှိ စေတီတော်တစ်ဆူ၏ စိန်ဖူးတော်မြေခကာ ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့
21 Nov 2024
FOLLOW US

Copyright © News Services Station | All Right Reserved