အဖွဲ့ဝင်နိုင်ငံများ၏ ဆန်လိုအပ်ချက်ကို ဦးစားပေးဆောင်ရွက်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများသဘောတူညီခဲ့ဟုဆို
Pika (NSS) - အောက်တိုဘာ ၇
အရှေ့တောင်အာရှရှိနိုင်ငံများသည် ဆန်စပါးထောက်ပံ့မှု ပြတ်လပ်မှုများနှင့် အခြားစားနပ် ရိက္ခာဆိုင်ရာ ပြဿနာများကို ကျော်လွှားနိုင်ရန်အတွက် အချင်းချင်းဦးစားပေးကူညီကြရန် သဘောတူညီခဲ့ကြကြောင်း မလေးရှားသတင်းအေဂျင်စီ Bernama ကဖော်ပြခဲ့သည်။
အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် ယခုသီတင်းပတ်အတွင်း ကွာလာလမ်ပူမြို့တွင် ပြုလုပ်သော အစည်းအဝေးအတွင်း အဆိုပါသဘောတူညီချက်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း မလေးရှားနိုင်ငံ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာဖူလုံရေးဝန်ကြီး Mohamad Sabu ကပြောကြားခဲ့သည်။
၎င်းက"အဲဒီသဘောတူညီချက်အရ ဆန်ထောက်ပံ့မှုပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဟာ အဖွဲ့ဝင်နိုင်ငံတွေကို ဦးစားပေးကူညီသွားမှာဖြစ်ပါတယ်"ဟုပြောဆိုခဲ့သည်။
ထို့ပြင် ဗီယက်နမ်၊ ကမ္ဘောဒီးယား နှင့် ထိုင်းအစိုးရတို့သည် နောက်ထပ်သွင်းကုန်များနှင့်ပတ်သက်ပြီး တောင်းဆိုချက်အသစ်များကို ထည့်သွင်းစဉ်းစားသွားမည်ဟု ပြောဆိုခဲ့ကြောင်း Mohamad Sabu ကပြောကြားခဲ့သည်။ နိုင်ငံတွင်းဆန်လိုအပ်ချက်စုစုပေါင်း၏ (၃၈)ရာခိုင်နှုန်းကို တင်သွင်းသော မလေးရှားနိုင်ငံသည် အိန္ဒိယကဲ့သို့သော ဆန်တင်ပို့သည့် ထိပ်တန်းနိုင်ငံများ၏ တင်ပို့မှုကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး အကျိုးသက်ရောက်မှု ဒဏ်ခံခဲ့ရသည့် နိုင်ငံအများအပြားထဲတွင်ပါဝင်ကြောင်းလည်း သိရသည်။
မလေးရှားအစိုးရသည် ဈေးကွက်တွင်း၌ လုံလောက်သော ထောက်ပံ့မှုရရှိစေရန်နှင့် မြင့်တက်လာသော ဆန်စပါးဈေးနှုန်းများကို လျှော့ချရန်အတွက် ထောက်ပံ့ကြေးများနှင့် အခြားအစီအစဉ်များကို ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်းသိရသည်။ ထို့ပြင် စားသုံးသူများကို ဒေသထွက်ဆန်စပါးများအား သိုလှောင်ခြင်းမပြုလုပ်ရန်နှင့် ဆန်သိုလှောင်ထားသည်ကို တွေ့ရှိပါက ဥပဒေအရအရေးယူသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က သတိပေးပြောဆိုခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဟားမတ်စ်စစ်သွေးကြွအဖွဲ့က ဒုံးကျည်ထောင်ပေါင်းများစွာနဲ့ ပစ်ခတ်တိုက်ခိုက်ကာ စစ်ပွဲတစ်ခုကိုစတင်ခဲ့ကြောင်း အစ္စရေးအစိုးရပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ