ဖလမ်းမြို့၌မြေပြိုကျမှုနှင့် ကျောက်စီနံရံအက်ကွဲမှုကြောင့် အိမ်ထောင်စု(၈)စုနှင့် မိသားစုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရ
စော(NSS)- အောက်တိုဘာ ၄
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ မြေပြိုကျမှု နှင့် ကျောက်စီနံရံအက်ကွဲမှုကြောင့် ဂိုထောင်(၁) လုံး၊ အိမ်ထောင်စု(၈)စုနှင့် မိသားစုဝင်များအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(အောက်တိုဘာလ ၄ ရက်)၊ မွန်းလွဲ(၂)နာရီခွဲအချိန်တွင် ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနှင့် တမိုင်ဘုန်ကြီးကျောင်းလမ်း၌ အထက်ပါကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗိုလ်ချုပ်လမ်းတွင် မြေပြိုကျမှု နှင့် တမိုင်ဘုန်းကြီးကျောင်းလမ်းတွင် ကျောက်စီနံရံအက်ကွဲမှုတို့ကြောင့် ဖလမ်းမြို့နယ်မီးသတ်စခန်းမှ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူး ပေါင်းကယ်ဆယ်ရေးများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့သို့ကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ဂိုထောင်(၁)လုံး၊ အိမ်ထောင်စု (၈)စု နှင့် မိသားစုဝင်များအား နီးစပ်ရာဆွေမျိုးများအိမ်သို့ ကူညီပို့ဆောင်ထားကြောင်း သိရသည်။
“လူထိခိုက်သေဆုံးတာတော့မရှိဘူး။ နီးစပ်ရာဆွေမျိုးတွေ အိမ်ပဲပို့ဆောင်ထားပေးထားပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထို့ပြင် ကျောက်စီနံရံအား ထပ်မံပြိုကျမှုမရှိစေရေးအတွက် မိုးကာများ ဖုံးအုပ်ပေးခြင်းနှင့် ရေစီးရေလာကောင်းမွန်အောင် ကူညီဆောင်ရွက်ပေးထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆိုးရွားသော ရာသီအစများအတွက် ဆင်ခြေများပေးနေမည်မဟုတ်ကြောင်း မန်ယူနည်းပြ ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ